ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့၊ အောင်ဇေယျအားကစားခန်းမတွင်ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးနှင့်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးစေ့၊ Drum Seeder ၊ သွင်းအားစုများပေးအပ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၊ မိုးရာသီ(ကော်ဖီ)သီးနှံ ပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့က မြန်အောင်မြို့၊ အောင်ဇေယျအားကစားခန်းမတွင်ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးနှင့်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးစေ့၊ Drum Seeder ၊ သွင်းအားစုများပေးအပ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်အောင်ခရိုင်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးနှင့်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးစေ့၊ Drum Seeder ၊ သွင်းအားစုများပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုး​ရေးဇုန်နှစ်ခုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မျိုး​၊ ​ရေ၊ နည်း နည်းလမ်း​ေလးသွယ်ဖြင့် စနစ်တကျစိုက်ပျိုးသွားမည်ဖြစ်ပါ​ကြောင်း၊ မြန်အောင်ခရိုင်အား ဆီထွက်သီးနှံစိုက်ပျိုးသည့် စံပြခရိုင်ဖြစ်ရန် ရည်မှန်းချက်ထား​ဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံမျိုးစုံအား အင်တိုက်အားတိုက်စိုက်ပျိုးသည့် ခရိုင်တစ်ခုလည်းဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုး​ရေးဇုန်နှစ်ခုဖြစ်သည့် မြန်​အောင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်တို့တွင် ကြိုတင်​မြေစုဖွဲ့ခြင်း၊ မျိုးရရှိ​ရေး၊ ​အောင်​ရေရရှိ​ရေး၊ သီးနှံပိုးမွှား​​ရောဂါကြိုတင်ကာကွယ်​ရေးလုပ်ငန်းများအတွက် ပညာရှင်များဖိတ်​ခေါ်၍ အသိပညာ​ပေးလုပ်ငန်းများ​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ တိုင်း​ဒေသကြီးတွင် ယခုနှစ်နွေစပါးသည် ပန်းတိုင်အထွက်နှုန်းရောက်ရှိသည့်နှစ်ဖြစ်ပါကြောင်း၊  ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ကြဲခင်းစနစ်များ လျော့နည်း ပပျောက်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်ဧက၊ အထွက်နှုန်း၊ စာရင်းဇယား များ တိကျမှန်ကန်စေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ရိုးပြတ်ကျန် ဧကများဖော်ထုတ်၍ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  မြန်အောင်ခရိုင်သည် စိုက်ပျိုးရေးဖြစ်ထွန်းသည့် ခရိုင်ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင် ဖြစ်ထွန်းရေး၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ တောင်သူများထံသို့ Drum Seeder များ၊  ဆီထွက်သီးနှံမျိုးစေ့များနှင့် သွင်းအားစုများကို ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခမ်းအနားသို့တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် မြေပဲ၊ နှမ်းမျိုးစေ့များ၊ သွင်းအားစုများ၊ ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)ပျိုးပင်များနှင့် စပါး ပျိုးထောင်စက်များကို  ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ပြည်တော်သာကျေးရွာတွင် ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးရာသီ (ကော်ဖီ) သီးနှံ ပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲသို့တက်ရောက်၍ တောင်သူများထံသို့ ကော်ဖီပျိုးပင်များပေးအပ်ခဲ့ပြီး ရိုဘက်စတာ ​မြေနိမ့်​ကော်ဖီပျိုးပင်များစုပေါင်းစိုက်ပျိုးပေးခဲ့သည်။ ယင်းနောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာရှိ တောင်သူဦး​အောင်​ဌေးပါ (၁၂)ဦး ၏ စိုက်ဧက(၅၄)ဧကတွင် စိုက်ပျိုးထားသည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)အောင်မြင်ဖြစ်ထွန်းနေမှုအားလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာရှိ မြို့မစိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရိုဘက်စတာ မြေနိမ့်ကော်ဖီပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့သည်။

25-Jun-2024