ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်းအခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက အခမ်းအနားအား “ ကရုဏာအလင်း” သီချင်းဖြင့်သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပထမနှစ်(Semester 1) ဖြေဆိုအောင်မြင်၍ သူနာပြုသင်တန်းသား၊ သင်တန်းသူများကို သူနာပြုအဆောင်အယောင် ဂျူတီကုတ်နှင့် ဦးဆောင်များ အပ်နှင်းပွဲဖြစ်ပါကြောင်း၊ ပြည်သူလူထုကိုအရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သူနာပြုများသည် အလွန်အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်နေပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း (၃)ကျောင်းတွင် သူနာပြုအတတ်ပညာများ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး သင်တန်းဆင်း သူနာပြု ဆရာ၊ ဆရာမများသည် ယခုအချိန်တွင် နေရာဒေသသီးသီးတွင် တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့ အကျိုးကိုထမ်းဆောင်နေကြပြီဖြစ်ပါကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းများပြီးဆုံးပါက မိမိတို့တာတန်ကျရာဆေးရုံများနှင့် နေရာဒေသအသီးသီးသို့ တာဝန်များဝင်ရောက်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသားများကိုစဉ်ဆက်မပြတ်မွေးထုတ်၍ ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါမှာလည်း နေရာဒေသမရွေးကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း”တိုက်တွန်းအမှာစကားများပြောကြားသည်။
ဆက်လက်၍ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။