ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအား ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့၊ မြစိမ်းရောင်သာသနာ့နယ်မြေတွင် ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်စိုက်ပျိုးခဲ့ကြသည်။
ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် နိုင်ငံပိုင်စိုက်ခင်းများအနေဖြင့် စီးပွားရေးစိုက်ခင်း (၂၃၀၀)ဧက၊ ဒီရေတောစိုက်ခင်း (၁၄၀၀)ဧက၊ စက်မှုကုန်ကြမ်းစိုက်ခင်း (၂၀၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၆၅၀)ဧက၊ စုစုပေါင်း (၄၅၅၀)ဧက တည်ထောင်စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၄ ခုနှစ် မိုးရာသီတွင် ခရိုင်၊ မြို့နယ်အသီးသီးတွင် လူထုဖြန့်ပျိုးပင် (၁၄)သိန်း (၈)သောင်း (၇)ထောင်ကျော် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်မိုးရာသီအတွင်း သစ်ပင်စိုက်ပျိုးပွဲ (၃၈)ပွဲ၊ အပင်(၂၄၃၇၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယမန်နေ့အထိ သစ်ပင်စိုက်ပျိုးပွဲ(၂၉)ပွဲ၊ (၁၉၀၀၂)ပင် စိုက်ပျိုးထားပြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေးကြုံတွေ့ရသည့် တိုင်းဒေသကြီးဖြစ်ရာ နှစ်စဉ်နှစ်တိုင်း ဒီရေတောများ အပါအဝင် သစ်တောသစ်ပင်များကို စိုက်ပျိုးခဲ့ကြပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်သစ်တောစိုက်ခင်းများရေရှည်တည်တံ့ရေး၊ ပင်လယ် ကမ်းရိုးတန်း ဒီရေတောများဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည်လှပစေရေး၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးတို့အတွက် သစ်တောများ စိုက်ပျိုးပြုစုထိန်းသိမ်းရေး၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်အောင်မြင်ဖြစ်ထွန်းရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်" တိုက်တွန်းအမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တာဝန်ရှိသူများထံသို့ ပျိုးပင်များကို ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပါဝင်သောအင်အား (၆၅၀)ဦးက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မျောက်ငို၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေ၊ မယ်ဇယ် အစရှိသည့် ပျိုးပင်ပေါင်း(၁၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးတို့က ရိုဘက်စတာ မြေနိမ့်ကော်ဖီပျိုးပင်များအား တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပါသည်။