ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး၊ စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ပုသိမ်စက်မှုဇုန်မှထုတ်လုပ်သော လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ကောက်စိုက်စက်တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့တက်ရောက်
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူ (၁၀၇)ဦးတို့က (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ အုတ်စီကုန်းကျေးရွာရှိ ဧရာပုသိမ်ကုမ္ပဏီ၏ မျိုးသန့်ထုတ်လုပ်သော စိုက်ကွင်းတွင် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ပုသိမ်စက်မှုဇုန်မှထုတ်လုပ်သော လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ကောက်စိုက်စက်တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ကြဲခင်းစနစ်များ လျော့နည်းပပျောက်ရေး၊ စပါးမျိုးစေ့ချကိရိယာများ၊ လက်စွဲကောက်စိုက်စက်များအသုံးပြုစိုက်ပျိုးရေး၊ စက်မှုဇုန်များတွင် ဒေသ၏ ရေမြေနှင့် ကိုက်ညီသည့် စပါးမျိုးစေ့ချကိရိယာများနှင့် လက်စွဲကောက်စိုက်စက်များပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် တောင်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ကောက်စိုက်စက်တို့ဖြင့် မိုးစပါးစိုက်ပျိုးနေမှုများအား လာရောက်ကြည့်ရှုလေ့လာကြသည့် တက္ကသိုလ်များမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် မျိုးသန့်မျိုးစေ့များအား ကြည့်ရှုခဲ့ပါသည်။