ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများလိုက်လံကြည့်ရှုစစ်ဆေး၊ ဧရာဝတီတိုင်းဒေသကြီးကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဓမ္မာရုံဝန်းအတွင်း ဌာနဆိုင်ရာများ၊ တက္ကသိုလ်မှဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ရေစီးရေလားကောင်းမွန်စေရေးနှင့် အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် အပတ်စဉ် ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေး မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ကြားရှိ တက်ဆိပ်ချောင်းလမ်းဘေးရှိ လျှပ်စစ်ဓာတ်ကြိုးနှင့်မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းနေမှုများ၊ ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး ချောင်းတူးဖူးဖော်နေမှု၊ ဗေဒါနှင့်အမှိုက်များ ဆယ်ယူနေမှုများအား ဆက်လက်ကြည့်ရှုစစ်ဆေးကာ စနစ်တကျဆယ်ယူစွန့်ပစ်စေရေး၊ ရေမြောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေးကိစ္စရပ်များကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ Smart Goal Badminton Club တွင် ကျင်းပလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

15-Jun-2024