ပုသိမ်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ်စိုက်ထူ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများလိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill board စိုက်ထူပွဲအခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်း၊  မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးသန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board အားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြို့တော်ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက ပြည်သူများအား အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေ ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကောက်ယူခြင်းဖြစ်ပြီး စာရင်းကောက်များသည် မိမိတာဝန်ကျရာစာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များအသုံးပြု၍သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၁၅)ရက်ကြာ ကောက်ယူ သွားမည်ဖြစ်ပါသည်။ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့များတွင်လည်း လူထုအသိပညာပေး Bill Board စိုက်ထူခြင်းလုပ်ငန်းအား တပြုင်တည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

15-Jun-2024