ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပညာရေးဆိုင်ရာလုပ်ငန်များအား တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အထိကျောင်း ကျောင်းသား၊ ကျောင်းသူ(၁၁)သိန်းနှစ်သောင်းကျော် ကျောင်းအပ်နှံတက်ရောက်လျှက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်အတန်းကူးပြောင်းမှုရှိ​စေ​ရေး၊ ကျောင်းထွက်မှုမရှိစေရေးအတွက် အောင်စာရင်းများနှင့်တိုက်ဆိုင်စစ်​ဆေးခြင်း၊ အပ်နှံရန်ကျန်ရှိသူများအား ဆရာ၊ ဆရာမများ၊ အုပ်ချုပ်​ရေးအဖွဲ့များပူး​ပေါင်း၍ ကျောင်းတက်​ရောက်​စေ​ရေး အသိပညာ​ပေး စည်းရုံးဆောင်ရွက်ခဲ့ပါ​ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9  ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများကိုလည်း အခမဲ့ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း၊ ပညာ​ရေးဝန်ကြီးဌာနအ​နေဖြင့်လည်း ပညာသင်​ထောက်ပံ့​ကြေးများ ​ထောက်ပံ့​ပေးအပ်လျှက်ရှိပါ​ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင်တွန်းအားပေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း နှစ်စမှပင်ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ ကျောင်းသား၊ ​ကျောင်းသူ​လေးများ၏ ကျန်းမာ​ရေး၊ သန့်ရှင်း​သော ​သောက်သုံး​ရေရရှိ​ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အ​လေးထား ​ဆောင်ရွက်ရမည်ဖြစ်​ကြောင်း” ဆွေးနွေးမှာကြားခဲ့သည်။

12-Jun-2024