ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်နှင့် မြန်ေအာင်ခရိုင်များရှိအ‌ခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုများကိုကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ကျောင်းနေအရွယ်ကလေးများအားလုံးရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးနှင့်စဥ်ဆက်မပြတ်အတန်းကူးပြောင်းပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်နှင့်  မြန်​အောင်ခရိုင်များရှိအ‌ခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သရက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်၍ ဆရာ၊ ဆရာများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပြီး ​ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများပိုမိုတက်ရောက် ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများအနေဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရေမြောင်းများ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားကာ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)သို့ ဆက်လက်သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်း​ဒေသကြီး​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးမှူး၊ တိုင်း​ဒေသကြီးစိုက်ပျိုး​ရေးဦးစီးမှူးနှင့် စက်မှုဘာသာရပ်သင်ဆရာတို့က စိုက်ပျိုး​​ရေး၊ မွေးမြူ​ရေး၊ စက်မှုပညာရပ်များနှင့်ပတ်သက်၍ ​ကျောင်းသား၊ ​​ကျောင်းသူများအား အသိပညာ​ပေးရှင်းလင်း​ပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့​နောက် စာသင်ခန်းများ၊ ကွန်ပျူတာခန်း၊ Drawing ခန်းနှင့် သင်​ထောက်ကူပစ္စည်းများအား ကြည့်ရှုစစ်​ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် KG တန်းမှ   Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအား​ပေးခဲ့ပြီး ​အတန်းအလိုက် ကျောင်းအပ်နှံမှု၊ ​ကျောင်းတက်​ရောက်မှုအ​ခြေအ​နေများကို ကြည့်ရှုစစ်​ဆေးခဲ့ပါသည်။


 

03-Jun-2024