ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၁) ခုရရှိခဲ့သည့် မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများအား ဂုဏ်ပြုကြိုဆို
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းတွင် ပြုလုပ်သည့် အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၁) ခုရရှိခဲ့သည့် မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲသို့တက်ရောက်ခဲ့သည်။
ဦးစွာ အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆုရ မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက ပန်းစည်းများ၊ ပန်းကုံးများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လာအိုနိုင်ငံ ၊ ဗီယန်ကျင်းမြို့တွင်ကျင်းပခဲ့သည့် အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ၂၀၂၄ (၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၁) ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများကို ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် အမျိုးသား အားကစားပွဲတော်တွင် တိုင်းဒေသကြီးအနေဖြင့် ဝင်ရောက်ယှဥ်ပြိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဆုများရရှိခဲ့သည့်အတွက် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်းအား ယခုထက်ပိုမိုမြင့်မားရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဂုဏ်ပြု” အားပေးစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုပန်းစည်းများပေးအပ်ခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ကဂုဏ်ပြုဆုငွေများ ဆက်လက်ပေးအပ်ခဲ့ပါသည်။ ထို့နောက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုယ်စား ေရွှတံဆိပ် ၃ ခု၊ ငွေတံတံဆိပ် ၁ ခုရ မောင်ဟိန်းသီဟအောင်က ပြိုင်ပွဲအတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။