ဧရာဝတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်မြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး ရေတော်မိုးတော်စိုက်ဧကအားလုံး ပိုက်ဆံလျှော်ထည့်သွင်း စိုက်ပျိုးရေး၊ ကြဲခင်းစနစ် လျော့နည်းပပျောက်စေရေးအတွက် မျိုးစေ့၊ Drum Seeders၊ သွင်းအားစုများ၊ ပိုက်ဆံလျှော် မျိုးစေ့များပေးအပ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၄ -၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ရေတော်မိုးတော်စိုက်ဧကအားလုံး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးရေး၊ ကြဲခင်းစနစ်လျော့နည်း ပပျောက်စေရေးအတွက် မျိုးစေ့၊ Drum Seeders၊ သွင်းအားစုများ၊ ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ကြဲခင်းစနစ်များ လျော့နည်း ပပျောက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်သောကြောင့် စိုက်ပျိုးသီးနှံစုံ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်ဧက၊ အထွက်နှုန်း၊ စာရင်းဇယား များ တိကျမှန်ကန်စေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ရိုးပြတ်ကျန် ဧကများဖော်ထုတ်၍ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ကျုံပျော်ခရိုင်သည် စိုက်ပျိုးရေးဖြစ်ထွန်းသည့် ခရိုင်ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင် ဖြစ်ထွန်းရေး၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများထံသို့ Drum Seeders များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပိုက်ဆံလျှော်မျိုးစေ့များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သွင်းအားစုများကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခမ်းအနားသို့တက်ရောက်လာသည့် တောင်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးသွင်းအားစုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

28-May-2024