ဧရာဝတိုင်းဒေသကြီးဝန်ကြီးချုပ် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာ၊ အသေးစား ဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေးဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာတွင် အသေးစားဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အသေးစားဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဖွင့်ပွဲအမှတ်တရလက်ဆောက်ပစ္စည်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး power house အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ ယင်းဆယ်ကျေးရွာ အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းအား ဦးစီးဌာနမှထောက်ပံ့ငွေကျပ်(၁၆၆၈.၆၇၁၄)သန်း၊ ကုမ္ပဏီရင်းနှီးမြုပ်နှံငွေကျပ်(၆၁၇.၀၉၇၆) သန်း၊ ကျေးရွာထည့်ဝင်ငွေကျပ်(၄၉၅.၃၅)သန်း၊ စုစုပေါင်းစီမံကိန်းကုန်ကျငွေ(၂၇၈၁.၁၁၉)သန်း ဖြင့် ဆောင်ရွက်ခဲ့ပြီး (၂၂၄.၄ kWp)(၁၀၀ kW DG backup)ထုတ်လုပ်နိုင်ကာ အိမ်ခြေ (၂၀၇)အိမ်၊ အများပိုင်အဆောက်အဦ (၃)ခု၊ စက်မှုလုပ်ငန်း (၂၀)ခု၊ လမ်းမီးတိုင် (၁၅၄)တိုင်အား အကျိုးပြုပြီး   မဟာဓါတ်အားလိုင်းစနစ်တွင်အသုံးပြုသည့်အတိုင်း ၂၄ နာရီပတ်လုံးအသုံးပြုနိုင်ကြောင်းသိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအားမေးမြန်းခဲ့ပြီး ကျောင်းသားကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှုမရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

28-May-2024