ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်​အောင်ခရိုင်အတွင်း​ ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကွင်းဆင်း​ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့အမှတ်(၁)ရပ်ကွက်ရှိ ရသအောင်မြေစာကြည့်တိုက်သို့ သွားရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည်တိုက်များတွင် သုတ၊ ရသ စာအုပ်စာပေများပိုမိုပြည့်စုံစွာထားရှိရေး၊ စိုက်ပျိုးရေး၊ ​မွေးမြူ​ရေး၊ MSME နှင့်ပတ်သက်သည့် စာအုပ်စာပေများ ထားရှိရေးနှင့် ရှင်သန်ခိုင်မာသည့် စာကြည့်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး စာကြည့်တိုက်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့အမှတ်(၁)ရပ်ကွက်၊ စနေဆွမ်းလောင်းအသင်းဓမ္မာရုံရှိ စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စာသင်သားများ၏ အ​ရေး၊ အဖတ်၊ အတွက် တိုးတက်လာမှုများကို ကြည့်ရှုအား​ပေးခဲ့ကာ ဆရာ၊ ဆရာမများနှင့် စာသင်သားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မဟာဓမ္မိကာရာမ​ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မဟာဓမ္မိကာရာမ​ကျောင်းတိုက်အတွင်း နှစ်ပေါင်း(၁၄၀)ေကျာ် သက်တမ်းရှိ တိုင်တစ်ရာကျောင်း၏ ရှေးဟောင်းလက်ရာများ၊ ​ရှေး​ဟောင်းရုပ်ပွားတော်၊ ပိဋကတ်သုံးပုံ၊ ပေစာ၊ ပရပိုက်စာများ ထိန်းသိမ်းထားရှိသည့် ရှေးဟောင်းလက်ရာ စာတိုက်ပုံးများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းအမွေအနှစ်များ မပျောက်ပျက်စေရန်နှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး ဝါဆိုမဟာစည်သာသနာ့ရိပ်သာ၊ က​လေးတရားစခန်းတွင် က​လေးငယ်များ တရားရှုမှတ်​နေမှုများကို ကြည့်ရှုအား​ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိကြီးပွားရေးစာကြည့်တိုက်သို့ သွားရောက်ကာ ရှင်သန်ခိုင်မာသည့် စာကြည့်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး စာကြည့်တိုက်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

17-May-2024