နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ Gasifier နှင့် Gas engine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ စပါးခွံလောင်စာသုံး Gasifier engine ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်ရုံတွင် Gasifier စနစ်ဖြင့် လျှပ်စစ် 12MW ထုတ်လုပ်ရန်အတွက် Reactor မီးဖို (၁၂) လုံးတည်ဆောက်ထားရှိမှု၊ မီးဖိုနှင့်ဆက်စပ်လည်ပတ်မည့် gas engine (၁၃) လုံး ရောက်ရှိတပ်ဆင်ထားမှု၊ Gas ပို့လွှတ် စမ်းသပ်ထုတ်လုပ်နေမှုနှင့် အဆင့်ဆင့်ထုတ်လုပ်သွားမည့်အခြေအနေများ၊ သန့်စင်ဓာတ်ငွေ့များကို ဓာတ်ငွေ့လှောင်ကန်တွင် စုဆောင်းပြီး Gasifier Engine သို့ ပို့လွှတ်ကာ လျှပ်စစ်ထုတ်လုပ်သည့်စနစ်၊ စပါးခွံများစနစ်တကျ သိုလှောင်နိုင်ရန် သိုလှောင်ရုံများ တည်ဆောက်နေမှု၊ CARBON-BASED ORGANIC NPK FERTILIZER စက်ရုံတည်ဆောက်ရေးစီမံကိန်း လျာထားဆောင်ရွက်နေမှု၊ ရေထိန်းကန်များ၊ ရေသွင်းရေထုတ် မြောင်းများ၊ ရေထိန်းတံခါးနှင့် ငါးမွေးကန်များတည်ဆောက်ပြီးစီးမှု၊ ဇီဝလောင်စာသုံး စပါးခွံလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဇီဝလောင်စာသုံး Biomass စပါးခွံ အသုံးပြု၍ Steam Turbine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်စက်ရုံတွင် Steam Turbine နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု၊ ခေတ်မီ circular tank (intensive culture) စနစ်ဖြင့် စမ်းသပ်ငါးမွေးမြူနေခြင်း၊ ငါးအသားလွှာပြုပြင်ထုတ်လုပ်ခြင်းနှင့် ထွက်ရှိငါးများအား အေးခဲစက်ရုံတွင် အအေးပေးသည့် စနစ်အတွက် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးနေမှုများ၊ Automatic cold storage warehouse စနစ်အတွက် racking system များ တပ်ဆင်နေမှုများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြခဲ့သည်၊၊

ထို့နောက် ကုမ္ပဏီ အစည်းအဝေးခန်းမတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်ဥက္ကဌက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီမှု၊ စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို စပါးခွံလောင်စာသုံး(Gasifier)မှ (၁၂)မဂ္ဂါဝပ်နှင့် စပါးခွံလောင်စာသုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားမှ (၃၀)မဂ္ဂါဝပ်ဖြန့်ဖြူး ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ငါးမွေးမြူရေးမှစ၍ တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုးကို ပြည်တွင်း၊ ပြည်ပဈေးကွက် များထံသို့ ရောင်းချနိုင်မည့်အခြေအနေများ၊ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ သွင်းကုန်အစားထိုး စီမံချက်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိရေးအတွက် အထောက်အကူပြုနိုင်မည့်အခြေအနေများ၊ ငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းများနှင့် တိရစ္ဆာန်အစာတောင့်ထုတ်လုပ်မည့်အခြေအနေများ၊ ISO လက်မှတ်ရ ဓာတ်ခွဲခန်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့် ၂၀၂၄ ခုနှစ် လူရည်ချွန် မောင်မယ်များ လာရောက်လေ့လာခြင်း မှတ်တမ်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ gasifier engine နှင့် Steam Turbine တို့ဖြင့် လျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် စပါးခွံလိုအပ်ချက်နှင့် ငါးအစာတောင့်အတွက် ကုန်ကြမ်းလိုအပ်ချက်အပေါ် " ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က "နိုင်ငံတော်၏လျှပ်စစ်လိုအပ်ချက်အား တစ်ဘက်တစ်လမ်းမှဖြည်ဆည်းပေးသည့်အနေဖြင့် စပါးခွံလောင်စာအသုံးပြု gasifier engine စနစ်/Steam Turbine စနစ်တို့ဖြင့် (၄၂)မဂ္ဂါ၀ပ်ထုတ်လုပ်နိုင်ရေးစက်တပ်ဆင်လျက်ရှိရာ လျာထားသတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် ငါးအစာတောင့်ထုတ်လုပ်ရာတွင်လိုအပ်သောကုန်ကြမ်းများအား တိုင်းဒေသကြီးမှဖြည့်ဆည်း​ပေးနိုင်ရေး လုပ်ငန်းအောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ရေး" ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဧည့်သည်တော် မှတ်တမ်းလွှာတွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

11-May-2024