နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင်ပြုလုပ်သည့် “ဦးသန့်”စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ပြုလုပ်သည့် “ဦးသန့်” စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပန်းတနော်မြို့၊ မြတောင်ကျောင်းတိုက် ဒုတိယနာယကဆရာတော် ဉူးကုမာရ သီကုံးရေးသားထားသော ဦးသန့်၏ ဧကပိုဒ်ရတုလွှာအား တေးသံရှင် နမ့်မွှေးမွှေး (တူးချောင်း)မှ သီဆိုဂုဏ်ပြုခဲ့ပြီးနောက် ဦးသန့်” စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဦသစ်အား ပန်းတနော်မြို့ မြတောင်ကျောင်းတိုက် ဒုတိယနာယကဆရာတော် ဥူးကုမာရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကိုပြုလုပ်ရာ ပန်းတနော်မြို့ မြတောင်ကျောင်းတိုက် ဒုတိယနာယက ဆရာတော်ဉူးကုမာရ က အဖွင့်ဩဝါဒစကား မိန့်ကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က " ဦးသန့်စာကြည့် တိုက်နှင့်ပြတိုက်အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ် စကားပြောကြားခွင့်ရသည့် အတွက် ဝမ်းသာဂုဏ်ယူရပါကြောင်း၊ လူသားတစ်ယောက်အနေဖြင့် လူ့အဖွဲ့အစည်း၊ လူမျိုးနှင့် နိုင်ငံအတွက် အကျိုးပြု၊ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဦးသန့်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ်တာဝန်ယူခဲ့စဉ်က ကမ္ဘာ့နိုင်ငံရေးအကြပ်အတည်းများကို ဖြေရှင်းနိုင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါကြောင်းနှင့် သူ၏ ဂုဏ်ပုဒ် အရည်အချင်းများသည် ပြော၍ မကုန်ပါကြောင်း၊ ဦးသန့်သည် နိုင်ငံတကာတွင် အလေးစားခံရ၊ ဂုဏ်ပြုခံရသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပါကြောင်း၊ ဦးသန့် စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဦဖြစ်ရန်အတွက် ဦးဆောင်ခဲ့သည့် ဆရာတော်ကြီးများနှင့် စေတနာရှင် အလှူရှင်များအားလည်း ကျေးဇူးတင်ပါကြောင်း၊ စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦအား ရေရှည်တည်တံ့ပြီး စာကြည့်တိုက် လုပ်ငန်းများတိုးတက်အောင်မြင်စေရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်ရန်လိုကြောင်း၊ ဦးသန့်စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဦအား ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် နိုင်ငံအတွက် တိုင်းဒေသကြီးအတွက် မြို့သူမြို့သားများအတွက် ဂုဏ်ယူစရာဖြစ်ပါကြောင်းနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ရန် လိုပါကြောင်း” ဂုဏ်ပြုအမှာစကားများပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စာပေပညာရှင်များစွာ ပေါ်ထွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက်ပေါင်း(၃၂၃)တိုက်ရှိပြီး ချို့ယွင်းပျက်စီးနေသည့် စာကြည့်တိုက်များကိုလည်း ပြုပြင်ရန် လိုနေပါသေးကြောင်း၊ နိုင်ငံတော်မှလည်း အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းအတွက် ထောက်ပံ့ပေးသည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာကြည့်တိုက်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများနှင့်သက်ဆိုင်သည်များအပါအဝင် စာအုပ်စာစောင်များအား ထပ်မံဖြည့်ဆည်းပေသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်း (၁၇၇၁)ဝိုင်းတွင် စာသင်သား (၂၅၀၁၆)ဦးအား သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်လာခြင်းဖြင့် အခြေခံစာတတ်မြောက်ရေးအတွက်လည်း များစွာအကျိုးရှိကာ စာဖတ်ရှိန်မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားရန် လိုပါကြောင်း” အမှာစကားများ ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က "လူငယ်များနှင့် ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်မည့်နေရာ စာကြည့်တိုက်နှင့်ပြတိုက်တစ်ခု ပေါ်ထွန်း လာသဖြင့် ၀မ်းသာဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်သူများ အသိပညာပြည့်၀ရေး၊ လူငယ်များဗလငါးတန်ပြည့်၀ရေးနှင့် ပညာရည်မြင့်မားရေးကို တိုက်တွန်းအားပေးလျက်ရှိပြီး နိုင်ငံတစ်ဝှမ်းလုံးစာကြည့်တိုက်များ ပေါ်ထွက်လာရေးနှင့် စာတတ်သူတိုင်းစာဖတ်ရေး၊ စာဖတ်ရှိန်မြင့်တင်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း" ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ဦးသန့် စာကြည့်တိုက်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှလှူဒါန်းသည့် ငွေကျပ် သိန်း(၄၀)တန်ဖိုးရှိသော စာအုပ်တင်စင် (၈)စင်နှင့် ငွေကျပ်(၆၅)သိန်း တန်ဖိုးရှိသော စာအုပ်စာစောင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် အဆောက်အဦ အသစ်(၁)လုံး တည်ဆောက်ရန်အတွက် ငွေကျပ် သိန်း(၁၅၀)နှင့် စာအုပ်ရေ(၁၀၀၀)အုပ် အားလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ဦးသန့် စာကြည့်တိုက်အတွက် စာအုပ် စာစောင်များ၊ DTH စလောင်း (၁) စုံ၊ Set Top Box (၃) လုံးနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင် က “ဦးသန့်” စာကြည့်တိုက်အတွက် စာအုပ် (၃၀၀)အုပ်တို့အား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လည်းကောင်း၊ သာသနာရေးနှင့်ယာဉ်ကျေးမှုဝန်ကြီးဌာန က “ဦးသန့်” စာကြည့်တိုက်အတွက် စာအုပ်များအား သာသာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ စေတနာရှင်အလှူရှင်များ က “ဦးသန့်” စာကြည့်တိုက်အတွက် အလှူငွေများအားလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ပန်းတနော်မြို့ မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

10-May-2024