ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်အဖွဲ့အားတွေ့ဆုံ

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၉.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူ များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းနှင့် မွေးမြူရေးစီမံကိန်းများ၊ စီမံကိန်းရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရမည့်နည်းလမ်းနှင့်တာဝန်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမပျောက်မတည်ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းနှင့် ရည်ရွယ်ချက်များအားလည်းကောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လယ်ယာမြေအခြားနည်း အသုံးပြုခြင်း ကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နို့စားနွားမွေးမြူရေး၊ အသားတိုးကြက်၊ ဥစားကြက်နှင့် ငါးမွေးမြူရေးလုပ်ငန်းများအတွက် ထောက်ပံ့ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ထားရှိမှုများ၊ ဆီထွက်သီးနှံများစိုက်ပျိုးမှုအပေါ် နည်းပညာများ ပံ့ပိုးပေးနိုင်မည့် အခြေများအား ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

10-May-2024