ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ်၊ အိုင်သပြု (အထက)ကျောင်း၌ ကျင်းပပြုလုပ်သည့် နှစ် (၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် သုံးထပ်ကျောင်းဆောင်သစ် ပန္နက်တင်ပွဲအခမ်းအနားနှင့် (၁၂)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၅.၁.၂၀၁၈) ရက်နေ့တွင် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ်၊ အိုင်သပြု (အထက)ကျောင်း၌ ကျင်းပပြုလုပ်သည့် နှစ် (၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် သုံးထပ်ကျောင်းဆောင်သစ် ပန္နက်တင်ပွဲအခမ်းအနားနှင့် (၁၂)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာအား ပန္နက်ရိုက်၍ အိုင်သပြု (အထက) ကျောင်းသား ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

05-Jan-2018