တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့ (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သောကျုံပျော်မြို့ (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားဖွင့်ပွဲအား ယနေ့နေ့လည်ပိုင်းတွင် ကျုံပျော်မြို့၊ အဆိုပါဝန်ထမ်းအိမ်ရာတွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ 

ဦးစွာ အိမ်ရာဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ဝန်ထမ်းအိမ်ရာဖွင့်ပွဲအမှတ်တရပစ္စည်းများပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဝန်ထမ်းအိမ်ရာသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအိမ်ရာရှိ အိမ်ခန်းများအားလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြရန်၊ မိမိတို့၏ အခန်းများ သန့်ရှင်းသပ်ရပ်ရေးအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာစေရေး၊ အိမ်ရာများသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်မြို့အမှတ်(၂)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စံပယ်ဆောင် ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးလာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများတက်ရောက်နိုင်စေရေး၊ ကျောင်းဆောင်သစ်အားရေရှည်တည်တံ့စေရေးစနစ်တကျထိမ်းသိန်းစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

26-Mar-2024