တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂပူမြို့၊ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(၂၀၀ပေ-၃၀ပေ) Steel Structure နှစ်ထပ်ကျောင်းဆောင်နှင့် (၁၂၀ပေ-၃၀ပေ) RCC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်နှစ် ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းဆောင်သစ်များအား အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်တော့မည် ဖြစ်ပါကြောင်း၊ အောင်ချက်များမြင့်မား ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားများပြောကြားသည်။ ထို့နောက် ကျောင်းဆောက်သစ်ဆောက်လုပ်သည့် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အင်္ဂပူမြို့အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

26-Mar-2024