တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၏ နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးလျက်ရှိရာ ခရိုင်ရုံးစိုက်ရာမြို့များဖြစ်သည့် မြန်အောင်မြို့နှင့်ကျုံ ပျော်မြို့များတွင်လည်း နိုင်ငံ့ဝန်ထမ်းများအတွက် ဦးစားပေးဆောက်လုပ်ပေးခဲ့ပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက်ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် နိုင်ငံ့ဝန်ထမ်းများအ နေဖြင့် ရေ၊ မီးသုံးစွဲမှုများကို စနစ်တကျသုံးစွဲကြရန်နှင့် အိမ်ခန်းများအားလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊မိမိတို့၏ အခန်းများ သန့်ရှင်းသပ်ရပ်ရေးအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာစေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အိမ်ရာများသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း”အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မြန်အောင်မြို့ (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ဝန်ထမ်းအိမ်ရာဖွင့်ပွဲအမှတ်တရပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ အိမ်ရာသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂပူမြို့နယ်၊ ထူးကြီး-ရွှေကျင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည်( ၂၇၇၈ )ပေ၊ အကျယ်( ၁၄ )ပေနှင့်ထု( ၇ )လက်မရှိကြောင်းသိရသည်။

26-Mar-2024