ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၄.၁.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ သူနာပြုသင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့်အတူ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်သူများမှ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအား အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့မှ သစ္စာအဓိဌာန်ရွတ်ဆိုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။