ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ပူဇော်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားအား မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားအား မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြ၍ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကာ ထူးမခြားနား သီချင်းခန့်ဖြင့်ပူဇော်ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ချီးမြှင့်အလှူခံရရှိတော်မူသော တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်က သမ္မောဒနီယဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ဆက်လက်ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီးနောက် အကြည်ညိုခံပင့်သံဃာတော်အရှင်သူမြတ်များအားတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူအသီးသီးက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၃၃)ပါး၊ ၊ ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင်သံဃာ( ၆ )ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားဆက်ကပ်ပူဇော်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သုန္ဒရ(ဘိုကလေး)၊ ဘဒ္ဒန္တ ကောမလသာရာဘိဝံသ(ဖျာပုံ)၊ ဘဒ္ဒန္တ ဉာဏသီဟ(ကျုံပျော်)ဆရာတော်တို့အားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ဝိဇယ(ပုသိမ်)၊ ဘဒ္ဒန္တ ခန္တီဝါဒ(ဓနုဖြူ)ဆရာတော်တို့အားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးမှ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်(၃)ပါးတို့အားလည်းကောင်း၊ တရားသူကြီးချုပ်မှ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်တို့အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိအသီးသီးက မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဂန္ထဝါစက ပဏ္ဍိတ၊ သဒ္ဓမ္မ ဇောတိကဓဇ၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော်အရှင်သူမြတ်များနှင့် ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင်သံဃာ( ၆ )ပါးတို့အား ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းခဲ့ကြပြီး

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး( ၂ )ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်တစ်ဦးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့၊ တိုက်ကြီးကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌဆရာတော် (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တဉာဏိန္ဒမဟာထေရ်အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီးများအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့အားလောင်းလှူပူဇော်ခဲ့ကြသည်။

24-Mar-2024