ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကော်မတီဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်ခြင်းမင်္ဂလာအခမ်းအနားကျင်းပရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနား ကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပါကြောင်း၊ အခမ်းအနားကျင်းပရာတွင် အစီအစဉ်များ စနစ်တကျ ဖြစ်စေရေး ယခင်နှစ်ကျင်းပခဲ့သည့် အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဘွဲ့တံဆိပ်ဆပ်ကပ် လှူဒါန်းခြင်းခံရသည့် ဆရာတော်၊ သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ ယာယီသတင်းသုံး နေထိုင်နိုင်ရေး၊ ဝေယာဝစ္စများဆောင်ရွက်ပေးနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေး နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကျင်းပမည့် သာသနာ့ ဗိမာန်အတွင်းအပြင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူမည့် နေရာများသည်လည်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် စနစ်တကျရှိရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘွဲ့တံဆိပ်တော် များဆက်ကပ်ချီးမြှင့်ပွဲတွင် ကြည်ညိုခံဆရာတော်ကြီးများ ပင့်ဖိတ်ဆောင်ရွက်မှု၊ ဧည့်ပရိတ် သတ်များ ဖိတ်ကြားနေရာချထားမှုနှင့် အခမ်းအနားအစီအစဉ်များ စနစ်တကျရှိစေရေး သက်ဆိုင်ရာကော်မတီများအလိုက် ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းမင်္ဂလာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးသာသနာရေးမှူးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိမှု အခြေအနေနှိုင်းယှဉ်တင်ပြချက်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲသို့ ပင့်ဆောင်မည့်အကြည်ညိုခံဆရာတော်များစာရင်း၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် သံဃာတော်များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များစာရင်းများ၊ နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရန် လျာထားတင်ပြချက်များနှင့် အစည်းအဝေးသို့တက်ရောက်လာသည့် လုပ်ငန်းကော်မတီများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဧရာဝတီတိုင်းဒေသကြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်ခြင်းမင်္ဂလာအခမ်းအနားကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

19-Mar-2024