ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗဒဘာသာရပ်နှင့် ဘောဂဗဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကိုလှည့်လည်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူများနှင့်အတူ ပုသိမ်မြို့တွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများစုပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗဒဘာသာရပ်နှင့် ဘောဂဗဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် နှင့် မဟာဗောဓိမင်္ဂလာ စေတီတော်မြတ်ကြီးပရဝုဏ်အတွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှိုက်များ ကင်းစင်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြက် ဆောင်ရွက်စေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ဥမ္မာဒန္တီ တံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားတည်ဆောက်ရေး လုပ်ငန်းခွင် သို့သွားရောက်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် (၈၂၀.၀၀) သန်းဖြင့် Bored Pile အခြေပြု တိုးချဲ့ဆိပ်ခံတားအလျား (၂၀၀)ပေ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ အဖြစ် ဇီဝဗဒဘာသာရပ်နှင့် ဘောဂဗဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အပန်းဖြေအနားယူ နိုင်ရန်အတွက် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် ဆောင်ရွက်နေသည့် ထိုင်ခုံများဆောင်ရွက်ခြင်း၊ ဂျပန်မြက်စိုက်ပျိုးခြင်း၊ Flower Box ပြုလုပ်ထားရှိမှု၊ လျှောက်လမ်းများ၊ ပန်းအလှပင်များစိုက်ပျိုးထားရှိမှုနှင့် ဘဲစာမြက်များ စိုက်ပျိုး ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများ၏ ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြမှုအပေါ် တို်ငးဒေသကြီးဝန်ကြီးချုပ်မှ အများပြည်သူများ စိတ်အေးချမ်း စွာအနားယူနိုင်စေရေး၊ မြတ်ခင်းများစနစ်တကျစိုက်ပျိုးစေရေး၊ ပျိုးဥယျာဉ်များစနစ်တကျ ပျိုးထောင်စေရေး၊ ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးစေရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၂ )အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ဖြေဆိုပြီးစီးသည့် ကျောင်းသားကျောင်းသူ များအား ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြားခဲ့ကြကြောင်းသိရသည်။

16-Mar-2024