မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍တည်ထား ကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်​မော်တင်စွန်းဘုရားအဝင်ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပုခုံးသား မြေသားကပ်ခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ အရိပ်ရပင်များနှင့် အလှပန်းပင်များ စနစ်တကျစိုက်ပျိုးကြရန်မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်း(မော်တင်) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 5 နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်စေတီတော်မြတ်ကြီး​ ယာဥ်ရပ်နားကွင်းလုပ်ငန်း​၊ မြောက်ဘက်မုခ် ​ရေကန် အောက်ခြေ ​ေကျာက်စီခြင်းလုပ်ငန်း​၊ မြေထိန်းနံရံလုပ်ငန်း၊ ​မြောက်ဘက်မုခ် လှေကားလုပ်ငန်း၊ တံခွန်တိုင်လုပ်ငန်းဆောက်ရွက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီ​တော်မြတ်ကြီးအား ပန်း၊ ရေချမ်း ကပ်လှူပူ​ဇော်၍ ဖူးမြော်ကြည်ညိုခဲ့ပါသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီ​တော်ကြီး၏ ​ရင်ပြင်တွင် နေပူခံ​ကျောက်ပြားခင်းကျင်းနေမှုများ၊ စေတီ​တော်မြတ်ကြီးရင်ပြင် အောက်အနှုတ်(၁၂)level တွင် ကြွေပြားခင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်း ဆောင်ရွက်နေမှုနှင့် စေတီတော်မြတ်ကြီး အနေကဇာဆောင် ပြုပြင်မွမ်းမံမှုလုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့​နောက် တာဝန်ရှိသူများမှ မြတ်​မော်တင် ဆံ​တော်ရှင်​စေတီ​တော်မြတ်ကြီး၏ ရင်ပြင်​တော်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​ရေရှည်တည်တံ့ခိုင်မြဲ​စေ​ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများအရည်အသွေးပြည့်မီ​​အောင်ရွက်ရန်၊ မြန်မာမှုလက်ရာ လက်သားများ သေသပ်​ကောင်းမွန်​​စေရန်နှင့် သာသနိကအ​ဆောက်အဦများ ဥပဓိရုပ်​ကောင်းမွန်​အောင်​ဆောင်ရွက်ရန်၊ ​စေတီ​တော်ကြီး၏ ပရဝဏ်အတွင်း စိမ်းလန်းစို​ပြေ​​​အောင်​ဆောင်ရွက်ရန်၊ ဘုရားအဝင်လမ်း​ လမ်းဘေးဝဲယာတွင် အရိပ်ရအပင်များ၊ အလှပန်းပင်များစိုက်ပျိုးရန်၊ ဘုရားအဝင် ကွန်ကရစ်လမ်းပုခုံးသားများအား မြေသားကပ်ဆောင်ရွက်ရန်၊ ဘုရားပွဲ​တော်ကာလတွင် လာရောက်ဖူး​မြှော်သူများ များပြားသဖြင့် ယာဥ်ရပ်နားကွင်းများ​တွင် လျှပ်စစ်မီးလင်းအောင်ဆောင်ရွက်​ပေးရန်၊ လုပ်ငန်း​ဆောင်ရွက်မှုများ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အင်အားပြည့်ဆောင်ရွက်ရန်၊ အနီးကပ်ကြီးကြပ် ​ဆောင်ရွက်သည့်အဖွဲ့မှ လုပ်ငန်းအားလုံးဘုရားပွဲတော်ကျင်းပရက်မတိုင်မီပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကြိုတင်ရှင်းလင်းဖယ်ရှားရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့်သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

27-Feb-2024