တောင်သူလယ်သမားနေ့အခမ်းအနား အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများအား ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ(၂ )ရက်နေ့တွင်ကျင်းပမည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင်ပန်းမန်များနှင့် အခမ်းအနားပြုလုပ်ရန် မဏ္ဍပ်ဆောက်လုပ်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးဒူးကျေးရွာသို့ သွားရောက်၍ တောင်သူလယ်သမားနေ့ အတွက် စိုက်ပျိုးရေးဦးစီးဌာနမှကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အခမ်းအနားကျင်းပရန် မဏ္ဍပ်ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သီးပင်စားပင်များ အချန်မီသီးပွင့်စေရေး ၊ သစ်ပင်ပန်းမန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့်အချိန်မီဖူးပွင့်စေရေး၊ မဏ္ဍပ်ဆောက်လုပ်ရာတွင် အချိုးအစား ကျနစွာဖြင့်အတိုင်းအတာတိကျမှန်ကန်စေရေး၊ နောက်ခံစာသားများ၊ အခမ်းအနားအစီအစဉ်များ စနစ်တကျပြင်ဆင်ဆောင်ရွက်ထားရှိစေရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာပြခန်းများအပြင် လယ်ယာသုံးစက်ပစ္စည်းပြခန်းများစသည်ဖြင့် ပြခန်းများစုံလင်စွာဖြင့်အများပြည်သူ ဗဟုသုတ ရရှိစေရေး ပြသနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။