ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ ကြံခင်း မြို့နယ်ရှိ အကောက်တောင် စေတီတော်အားဖူးမြော်ကြည်ညို

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အကောက်တောင်စေတီတော်အား ဖူးမြော်ကြည်ညို၍ အလှူငွေများလှူဒါန်းခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အကောက်တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒါစာရအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ အကောက်တောင်သာသနိကနယ်မြေအတွင်း သာသနိကအဆောက်အဦများတည်ဆောက်နေမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးဆောင်ရွက်နေမှုအခြေအနေများတင်ပြလျှောက်ထားခဲ့ပြီးလှူဖွယ်ဝတ္တုပစ္စည်းများနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ရွှေမြင်းတင်စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော် ကြည်ညိုဖူးမြော်ခဲ့ပြီးနောက် အကောက်တောင်နံရံများရှိ နံရံကပ်ရုပ်ပွားတော် များအား ဖူးမြော်ခဲ့ကာ နံရံကပ်ရုပ်ပွားတော်များထိခိုက်ပျက်စီးမှု မရှိစေရေးထိန်းသိမ်း စောင့်ရှောက်ရန်၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်နိုင်ရေးအတွက် ဘုရားပရဝဏ်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

19-Feb-2024