တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ မြန်အောင်ခရိုင်များအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ မြန်အောင်ခရိုင်များ အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိများသူနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ ၏ လယ်( ၅ )ဧက၌ စိုက်ပျိုးထားသည့် Super Sun 41 နေကြာဖြစ်ထွန်းအောင်မြင်နေမှုများနှင့် ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်ကျေးရွာရှိ တောင်သူ ဦးကျော်ညွန့်၏ စိုက်ဧက(၅)၌ စိုက်ပျိုးထားသည့် ပဲတီစိမ်း-နေကြာ သီးညှပ်စံပြစိုက်ခင်းဖြစ်ထွန်းအောင်မြင်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး နေကြာပွင့်များ ထိခိုက်ပျက်စီးမှုမရှိစေရေး၊ ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများ စနစ်တကျဆောင်ရွက်စေရေးနှင့်အောင်မြင်​ အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးတို့သည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတအမှုးပြု သော သံဃာတော် အရှင်သူမြတ်များအားဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုခဲ့ကြပြီး ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတထံမှ အနုမောဒနာတရားနာကြားခဲ့ကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာရှိ တောင်သူ ဦးအောင်ဌေး၏ စိုက်ဧက(၂)ဧက၌ ဆင်းရွှေကြာ(၂)နေကြာ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဆီဖူလုံရေးအတွက် နေကြာ၊ နှမ်း၊ မြေပဲစသည့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနေမှုအခြေအနေများနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်နေမှုအ ​ခြေအနေများ ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက် အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားတောကျေးရွာသို့ သွားရောက်ခဲ့ပြီး မြေနုကျွန်းတွင် တောင်သူ(၇၀)ဦး၏ စိုက်ဧက( ၂၃၈) ဧက၌ ပဲလွန်း၊ ပဲယင်း၊ ပဲစိတ်တို/အပျိုကြီးပဲ၊ ပဲကြီး၊ ပဲတီစိမ်း၊ မြေပဲအဖြူ၊ ခရမ်းချဉ်သီး၊ပြောင်း၊ နေကြာစသည့် ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများမှ သီးနှံများစိုက်ပျိုးမှုဖြစ်ထွန်းမှု၊ ရောင်းချရမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ်ဖြစ်ထွန်းအောင်မြင်စေရန်၊ တိုးချဲ့စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် မြန်အောင်မြို့ ကမ်းထိန်းလုပ်ငန်း ဘိုးပိုင်အခြေပြုကျောက်စီတမံ အလျား၂၆၀ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကမ်းထိန်းလုပ်ငန်းများရေရှည်တည်တံ့မှုရှိစေရေး အရည်အသွေးကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

18-Feb-2024