ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ယအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က“တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအား ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အနာဂတ်တာ၀န်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များကိုဘက်ပေါင်းစုံ အရည်အသွေး ပြည့်၀လာစေရန် စနစ်တကျပြုစုပျိုးထောင် ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ ကဏ္ဍသည်အရေးကြီးသော ကဏ္ဍတစ်ရပ်တွင်ပါဝင်နေပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ရမည် ဖြစ်ပါကြောင်း၊ ကော်မတီဝင်များ အနေဖြင့် မိမိတို့ကဏ္ဍအလိုက် ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်”အဖွင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ် ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များက အထွေထွေဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

15-Feb-2024