ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့၊ ကမ်းနားလမ်း၊ ဥမ္မာဒန္တီတံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ဥမ္မာဒန္တီ တံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် (၈၂၀.၀၀) သန်းဖြင့် Bored Pile အခြေပြု တိုးချဲ့ဆိပ်ခံတားအလျား (၂၀၀)ပေ တည်ဆောက် နေသည့် အခြေအနေအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်မှာကြားပါသည်။ အဆိုပါကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား အလျား(၂၀၀)ပေတည်ဆောက်ခြင်းလုပ်ငန်းသည် ယနေ့အထိ(၇၀) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာရှိ တောင်သူ ဦးမြင့်အောင်၏ နွေစပါးစိုက်ဧက(၂)ဧကတွင် ရက်(၉၀) မျိုးစပါးအား Seeder စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထွက်တိုး မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန် မှာကြားခဲ့သည်။

15-Feb-2024