ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းအရှည် (၄)ဖာလုံရှိ ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအားတက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မြောင်းမြမြို့နယ် ၊ လပွတ်ကုလားကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား၊ မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာနှင့် ဒရယ်ပေါက်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအားအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ကျေးရွာအတွင်း မီတာတပ်ဆင်သုံးစွဲ‌နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် လပွတ်ကုလားကျေးရွာ လျှပ်စစ်မီးလင်းရေးသည် ဌာနရန်ပုံငွေဖြင့်လည်းကောင်း၊ ပြင်ရွာကျေးရွာသည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်လည်းကောင်း၊ ဒရယ်ပေါက်ကျေးရွာသည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase 2 ဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်မောင်းစေတီတော်မြတ်ကြီးသို့ရောက်ရှိ၍ ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာများ ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီးဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကာ စေတီ‌တော်မြတ်ကြီးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာရှိ တောင်သူ ဦးမန်းကိုကြီး၏ စူပါနှံေကာက် စပါးမျိုး၊ စိုက်ဧက (၁၀)ဧက၌ နွေစပါးဓာတ်မြေဩဇာစုပေါင်းကြဲပက်နေမှု၊ ဆိုလာစနစ်ဖြင့်နွေပါးရေတင်နေမှုများနှင့် မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ မြောင်းမြ-ပြင်ရွာကားလမ်းဘေး (ဝဲ/ယာ)မြောင်း အလျား (၄.၁၂၅)မိုင်၊ ထိပ်ဝအကျယ် ၂၀ ပေ၊ အောက်ခြေအကျယ် ၆ ပေ၊ ပျမ်းမျှအနက် ၇ ပေ၊ အကျိုးပြုဧက ၁၅၀ ရှိ မြောင်းတူးဖော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်ပြီးစီးမှုအခြေအနေများ၊ စိုက်ဧကများအတွက်အကျိုးပြုနိုင်မှုအခြေအနေများအား ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

10-Feb-2024