တိုင်းဒေသကြီးဝန်ကြီးချုပ် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောက့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး
အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သဲဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လာရောက်ဆေးကုသသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မျက်စိကုသမှုပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ သွားနှင့်ခံတွင်းကုသမှုပါရဂူ၊ အရိုးကုသမှုပါရဂူ၊ ECG၊ ခွဲစိပ်ကုသမှုပါရဂူ၊ အထွေထွေရောဂါကုသမှုပါရဂူများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ဆက်လက်ကြည့်ရှု့အားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲဖြူကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ တာဝန်ခံကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးမှာကြားခဲ့ပြီး တာဝန်ခံကျောင်းအုပ်၏ ကျောင်းလိုအပ်ချက် တင်ပြမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲဖြူကျေးရွာ၊ ဝိဇိတာရုံကျောင်းတိုက်အတွင်း၌ နယ်မြေလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။