ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လပွတ္တာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲမွေးမြူရေးသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နေ့လယ်ပိုင်းက လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲမွေးမြူရေးသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ကျွဲမွေးမြူရေးသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံ တာဝန်ခံက မွေးမြူရေးခြံလုပ်ငန်းများဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများအား ကျွဲမျိုးထိန်းဆောင်ရွက်မှုများနှင့် ကျွဲမွေးမြူခြင်းဆိုင်ရာ နည်းပညာများဖြန့်ဖြူးပေးရန်၊ ဒေသကျွဲမျိုးကောင်းမျိုးသန့်များ ထိန်းသိမ်း ဖြန့်ဖြူးရန်၊ နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးနိုင်အောင်ဆောင်ရွက်ရန်၊ သုတေသန လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် အောင်မြင်အောင်ဆက်လက် ဆောင်ရွက်ရန်မှာကြားခဲ့သည်။