မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကြည့်ရှုစစ်ဆေး
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၌ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရဟတ်ယာဥ်ကွင်းလုပ်ငန်း၊ မြောက်ဘက်မုခ် လှေကားလုပ်ငန်း၊ ရေကန်လုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်း၊ စေတီတော်ကြီး၏ ရင်ပြင်တွင် နေပူခံကျောက်ပြားခင်းကျင်းနေမှုများ၊ မဟာရံတံတိုင်း စိန်တောင် မြန်မာမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ တံခွန်တိုင်မွမ်းမံပြင်ဆင်မည့်အခြေအနေများ၊ စေတီတော်မြတ်ကြီးရင်ပြင်အောက်အနှုတ်(၁၂)level ပွတ်လုံးလက်ရမ်း တပ်ဆင်ဆောင်ရွက်ပြီးစီးမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်း ဆောင်ရွက်နေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတီတော်ကြီး၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေအောင်ဆောင်ရွက်ရန်၊ စေတီတော်ကြီး၏ ပတ်ဝန်းကျင်တွင် တောမီးရှို့မှုများ မရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ အမှိုက်စွန့်ပစ်မှုများ စနစ်တကျရှိစေရေးဆောင်ရွက်ရန်နှင့် သန့်ရှင်းရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှုများ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေး အင်အားပြည့်ဆောင်ရွက်ရန် ၊ အနီးကပ်ကြီးကြပ် ဆောင်ရွက်သည့်အဖွဲ့မှ လုပ်ငန်းအားလုံးဘုရားပွဲတော်ကျင်းပရက်မတိုင်မီပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကြိုတင်ရှင်းလင်းဖယ်ရှားရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့်သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြတ်မော်တင်စွန်းဘုရားအဝင်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။