တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်များအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်များအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း (မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ဝဲဘက်ခြမ်းမြောင်းတူးဖော်ပြီးစီး၍ တောင်သူများမှ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်ပြီးစီး၍ နွေစပါးစိုက်ဧကများအတွက် စိုက်ပျိုးရေတင်သုံးစွဲမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေများစနစ်တကျသုံးစွဲစေရေး၊ ရိုးပြတ်ကျန်ဧကများကျန်ရှိမရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုး​ဆောင်ရွက်စေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲကုန်ကျေးရွာ အုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ယာဘက်ခြမ်းမြောင်းနှင့် သဲကုန်- ညောင်ခြေထောက်မြောင်း တူးဖော်ပြီးစီး၍ သဲကုန်ကျေးရွာရှိ တောင်သူ ဦးထွန်းသွင်၏ တစ်နှစ်သုံးသီးစိုက်ပျိုးရန်အတွက် ဧက(၅၀)တွင် တတိယသီးနှံ နွေစပါးတိုးတက်စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒုတိယသီးနှံ နွေစပါး (မှော်ဘီ၃) စပါးမျိုးစိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးမျိုးစပါးများအသုံးပြုစေရေး၊ အစေ့ချစက်၊ ကောက်စိုက်စက်များဖြင့် စနစ်တကျစိုက်ပျိုး စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စုရှိ ဦးဌေးနိုင်၏ စိုက်ဧက( ၅ )ဧကတွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံနေကြာ (Super Sun-41)စံပြကွက်အားကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းချိန်လေ့လွင့်မှုမရှိစေရေးစနစ်တကျရိတ်သိမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ထုတ်စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် မြေပဲ(၁)ဧက စိုက်ခင်းအားလည်းကောင်း၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာရှိ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံဆီထွက်(နေကြာ Supersun-41) စံပြကွက်ဖြစ်ထွန်းအောင်မြင်နေမှုများအားလည်းကောင်း၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ တောင်သူဦးမိုးဝင်း၏ စိုက်ဧက(၅)ဧက၌ စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂) နေကြာစိုက်ခင်းအားလည်းကောင်း ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်းနှင့် မြေဩဇာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေး၊ နေကြာပန်းပွင့်များပျက်စီးမှုမရှိ စေရေး၊ မျိုးရွေးချယ်ခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိ စေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဒေါ့ပင်ကျေးရွာအုပ်စုရှိ တောက်သူဦးထွန်းနိုင်ဝင်း၏ စိုက်ဧက(၅)ဧက၌စိုက်ပျိုးထားသည့် ဧရာတိုးမျိုးစပါး နွေစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းတွင် မြေဩဇာကြဲပက်မှုများ၊ ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုနှင့် အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုတို့အားကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာများအချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေများစနစ်တကျသုံးစွဲစေရေးနှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်းသိရသည်။

03-Feb-2024