တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် သွားရောက်ဖျော်ဖြေမည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အား အားပေးနှုတ်ဆက်

(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် သွားရောက်ဖျော်ဖြေ မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများသည် ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် သွားရောက်တွေ့ဆုံအားပေးနှုတ်ဆက်ခဲ့သည်။

ထိုသို့ တွေ့ဆုံအားပေးနှုတ်ဆက်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အဖွဲ့လိုက်ညီညာစွာဖြင့် အကောင်းဆုံး ဖျော်ဖြေတင်ဆက် ပေးရန်၊ သွားလာနေထိုင်စားသောက်မှုများ ဂရုတစိုက်ဆောင်ရွက်ရန်၊ ကျန်းမာရေးဂရုစိုက် ဆောင်ရွက်ရန်၊ မော်တော်ယာဉ်များ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီမောင်းနှင်ရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်စေရေး ကြိုးစားကြရန်ပြောကြားခဲ့ပြီး အုပ်ချုပ်နည်းပြအဖွဲ့များ၊ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အနေဖြင့် နည်းပြ၊ အုပ်ချုပ်နှင့် ဖျော်ဖြေရေးအဖွဲ့ဝင် စုစုပေါင်း (၃၅) ဦးဖြင့် ဝင်ရောက်ဖျော်ဖြေသွားမှာ ဖြစ်ကြောင်းသိရသည်။

02-Feb-2024