၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တစ်ဦးချင်းဘိလိယက် ဗိုလ်လုပွဲစဉ်အဖြစ် ရေကြည်မြို့နယ်အသင်းနှင့် လပွတ္တာမြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဆက်လက်ပြုလုပ်ရာ ဘိလိယက်ပြိုင်ပွဲတွင် အမှတ်အများဆုံးအားကစားသမား ဆုရရှိသည့်အားကစားသမားကို လပ်ကီးစတား ဘိလိယက်နှင့်စနူကာအသင်းဥက္ကဋ္ဌကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် အမှတ်အများဆုံးအားကစားသမား ဆုရရှိသည့်အားကစားသမားကို တိုင်းဒေသကြီးဉပဒေချုပ်ကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ပန်းတနော်မြို့နယ်နှင့် ပုသိမ်မြို့နယ်တို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လပွတ္တာမြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မအူပင်မြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရေကြည်မြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်မြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အမှတ်အများဆုံးရရှိသည့် ပုသိမ်မြို့နယ်အသင်းအား ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

31-Jan-2024