တိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆည်မြောင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရေးမှာကြား

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတားအောင်ရှိ မြမ္မပြာသာကျေးရွာ တောင်သူဦးအုန်းဆန်း၏ကိုင်းမြေ ၂ဧကရှိ ငရုပ်စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုကြည့်ရှုအားပေးခဲ့ပြီး ငရုပ်စိုက်ပျိုးဖြစ်ထွန်းမှု၊ ခူးဆွတ်ရရှိမှု၊ ဈေးကွက်ရောင်းချရမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး အပင်များပိုးမွှးအန္တရာယ်ကျရောက်မှုမရှိစေရေး၊ ခူးဆွတ်ချိန်လေလွင့်မှုမရှိစေရေးနှင့် ပိုမိုအောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ အဆိုပါ ဗိုလ်မြတ်ထွန်းတံတားအောက်တွင် ငရုပ်၊ ပြောင်း၊ ဟင်းသီးဟင်းရွက်စသည့်သီးနှံစုံ ဧက ၈၀၀ကျော်စိုက်ပျိုးထားရှိကြောင်းသိရသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာရှိ မမိုးသူရေသွင်းတံခါး (၄ပေx၄ပေx၃ပေါက်) တည်ဆောက်နေသည့် နေရာသို့ သွားရောက်၍ ရေတံခါးတည်ဆောက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လက်ထောက်ညွှန်ကြားရေးမှူး (ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန/ဖျာပုံခရိုင်) မှ ရေတံခါး တည်ဆောက်ရသည့်ရည်ရွယ်ချက်၊ တည်ဆောက်လျက်ရှိသည့် အခြေအနေများ နှင့် ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း တိုးတတ်စိုက်ပျိုးလာသော အခြေအနေများကို ရေတံခါး ပုံစံငယ်များ၊ ကောင်ကင်မြေပုံ sentinel image များဖြင့် ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ ရေတံခါးအား ယခုကဲ့သို့ စနစ်တကျ တွက်ချက် တည်ဆောက်ခြင်းဖြင့် ရေလိုအပ်ချက် ဖြည်းဆည်းပေးနိုင်မည်ဖြစ်ရာ စိုက်ဧကများတိုးတတ်လာစေရေးနှင့် ရိုးပြတ်ကျန်ဧကများ လျော့ပါးလာစေရေး စည်းရုံးဆောင်ရွက်ကြရန်မှာကြားပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ နွေစပါးစိုက်တောင်သူများ နှင့် တွေ့ဆုံခဲ့ပြီး နွေစပါးတိုးချဲ့စိုက်ပျိုးမှုအခြေအနေများမေးမြန်းခဲ့ကာ ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်နေမှုများ၊ အထွက်ကောင်းမျိုးစပါးများပြောင်းလဲသုံးစွဲစေရေး၊ ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့်ခေတ်မီစိုက်နည်းစနစ်များအသုံးပြုစိုက်ပျိုးစေရေး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တာဘေးမြောင်း တူးဖေါ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ရေတံခါးတည်ဆောက်ပေးမှုအ ​ေခြအနေများ၊ မြောင်းတူးဖော်ပေးမှုအခြေအနေများ၊ နွေးစပါးတိုးချဲ့စိုက်ပျိုးနိုင်မှုအခြေအနေများနှင့်စိုက်ပျိုး ရေရရှိမှုအခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဖျာပုံခရိုင်ကြက်ဖမွေးဇောင်းပတ်တာအတွင်း နွေစပါး စိုက်ဧကများ တိုးတတ်လာစေရန် ဆည်မြောင်းဌာနမှ စက်ယန္တရား အကူအညီရယူကာ တောင်သူအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးရန်အတွက် တာဘေးမြောင်း သပြေကန် ၁၄၀၀ ပေ၊ တပ်မက် ၁၀၀၀ပေ၊ ကျုံတမာ ၄၅၀၀ပေ၊ ကန်ရိုးမြောင်း ၃၅၀၀ပေစုစုပေါင်း ၁၀၄၀၀ပေ အား ၉၀ ရာခိုင်နှုန်း မြောင်းတူးဖေါပြီးစီးနေမှုများကို ကြည့်ရှုအားပေးပြီး၊ တောင်သူများနှင့် ရင်းရင်းနှီးနှီးဆုံ၍ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်မှု၊ အထွက်တိုးစပါးများပြောင်းလဲအသုံးပြုစေရေး၊ စိုက်နည်းစနစ်များပြောင်းလဲအသုံးပြုစေရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့ပါသည်။ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်း ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း (၇) ခုရှိပြီး မမိုးသူးရေတံခါးသည် တစ်ခုအပါအဝင်ဖြစ်ကာ မမိုးသူရေတံခါးတည်ဆောက်ခြင်းဖြင့် ဗျိုင်းကဇီးကျေးရွာအုပ်စုအတွင်းရှိ နွေစပါး စိုက်ဧကများ အပါအဝင် ဒေးဒလူကျေးရွာအုပ်စုရှိ ဧရာအားမာန် သမလယ်မြေအများအထိ ဧရိယာ ဧက (၃၀၀၀) ကို စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာရရှိစေမည် ဖြစ်ပါသည်။ အဆိုပါ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်း နှစ်စဉ် နွေစပါး ၆၈၀၀ ဧကခန့် စိုက်ပျိုးခဲ့ရာမှ ယခု နှစ်မှ စတင်ကာ နွေစပါး ဧက ၁၀၀၀၀ ကျော်ခန့် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ဗြိုင်းကဇီးကျေးရွာ ၊ ဗြိုင်းကဇီးကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများသည် ဖျာပုံမြို့ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းကာ ဘုရားဖူးလာငါးများအား ငါးစာများကျွေးမွေးခဲ့ပြီး တာဝန်ရှိသူများမှ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရမှုနှင့် ပြန်လည်ပြုပြင်တည်ဆောက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးမှ ရေရှည်ခိုင်ခံ့မှုရှိစေရေး၊ မြစ်ရေတိုက်စားမှုအခြေအနေများအား စောင့်ကြည့်စစ်ဆေးစေရေး၊ ဘုရားဖူးငါးများအား ဖမ်းယူမှုမရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။

30-Jan-2024