တိုင်းဒေသကြီးဝန်ကြီးချုပ် ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချနေမှုများနှင့် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ပင်စင်ထုတ်ယူရာတွင်မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရေးနှင့် အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများကို ဆန်၊ ဆီ၊ ကြက်ဥ စသည့် အခြေခံစားကသာက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပင်စင်စားများ လွယ်ကူစွာဝယ်ယူနိုင်စေရေး၊ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ရေး သက်ဆိုင်ရာဌာနများပေါင်းစပ်ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြည့်အဝဆောင်ရွက်ပေူနိုင်​ စေရေးမှာကြားခဲ့ပြီး ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုရှိတောင်သူဦးဝေလင်းအောင်၏ စိုက်ဧက(၇)တွင်ဧက ပြုလုပ်သည့် ရေကျနောက်စိုက်သီးထပ်ရင်စပါးရိတ်သိမ်းခြွေလှေ့နေမှုနှင့် တောင်သူဦးတင်ဝင်း၏ စိုက်ဧက(၁၀)ဧကတွင်နွေစပါးစိုက်ပျိုးနိုင် ​ေရးအတွက် စိုက်ပျိိုးရေတင် ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများထပ်မံစိုက်ပျိုးစေရေး၊ ရိုးပျက်ကျန်များမရှိစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေး၊ သွင်းအားစုများစနစ်တကျထည့်သွင်းဆောင်ရွက်စေရေး၊ အထွက်တိုးမျိုးစပါးများနှင့်စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ တောင်သူဦးတင်ဝင်း၏ လယ်မြေ (၇)ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း (၁၂၀)တင်း ကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနမှဆောင်ရွက်သည့် ဆီထွက်သီးနှံ(နေကြာ)၊ ဆင်းရွှေကြာ-၂၊ (၁၀)ဧကစံပြစိုက်ခင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်(၂၀)ဧက စံပြစိုက်ခင်းတို့အားကြည့်ရှုစစ်ဆေးခဲ့ပြီး နေကြာစိုက်ခင်းအား ပေါင်းလိုက်ခြင်းလုပ်ငန်းများမြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်းများစနစ်တကျဆောင်ရွက်ရန်နှင့် ပိုက်ဆံလျှော်ရိတ်သိမ်းချိန်တွင်လေလွင့်မှုမရှိစေရေးစနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာရှိ တောင်သူဦးဝင်းခိုင်၏ လယ်မြေတွင် အုပ်ချုပ်ရေးနှင့် စိုက်ပျိုးရေး ဦးဆောင်စိုက်ပျိုးသော Supersun 41 နေကြာ၁၀ ဧက စံပြကွက်အားကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားများကျရောက်မှုမရှိစေရေးဂရုစိုက်ဆောင်ရွက်ရန်နှင့် အောင်မြင်ဖြစ်ထွန်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူ ဦး မောင်ကျော်၏ လယ်မြေ ၁၀ဧကတွင် နွေစပါး ( GW 11) မြေဩဇာကြဲပတ်နေမှုကိုကြည့်ရှအားပေးခဲ့ပြီး သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ အချိုးကျသုံးစွဲစေရေး၊ သွင်းအားစုများအချိန်ကိုက်အသုံးပြုစေရေးနှင့် တစ်ဧက အထွက်တိုးစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

22-Jan-2024