မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍တည်ထား ကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ​မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး​မြောက်ဘက်မုခ် ​ရေကန်လုပ်ငန်း​၊ ​မြေထိန်းနံရံလုပ်ငန်း၊ ယာဥ်ရပ်နားကွင်းလုပ်ငန်း​၊ မြတ်​မော်တင်စွန်းဘုရားအဝင်လမ်းလုပ်ငန်း၊ စေတီ​တော်မြတ်ကြီး အ​နေကဇာ​ဆောင် ပြုပြင်မွမ်းမံမှုများ၊ စေတီ​တော်ကြီး၏ ​ရင်ပြင်တွင် နေပူခံ​ကျောက်ပြားခင်းကျင်းနေမှုများ၊ ​စေတီ​တော်မြတ်ကြီး ပန်းတင်ခုံမြန်မာမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ မဟာရံတံတိုင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများ၊ မဟာရံတံတိုင်း စိန်​တောင် မြန်မာမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ စေတီ​တော်မြတ်ကြီးရင်ပြင် အောက်အနှုတ်(၁၂)level ပွတ်လုံးလက်ရမ်း​တပ်ဆင်ဆောင်ရွက်​နေမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်း ဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီး​နှုတ်ဆက်ခဲ့ပါသည်။

ထို့​နောက် ကုမ္ပဏီတာဝန်ရှိသူမှ မြတ်​မော်တင် ဆံ​တော်ရှင်​စေတီ​တော်မြတ်ကြီး၏ ရင်ပြင်​တော်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​ရေရှည်တည်တံ့ခိုင်မြဲ​စေ​ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများအရည်အသွေးပြည့်မီ​​အောင်ရွက်ရန်၊ မြန်မာမှုလက်ရာ လက်သားများ သေသပ်​ကောင်းမွန်​​စေရန်နှင့် သာသနိကအ​ဆောက်အဦများ ဥပဒိရုပ်​ကောင်းမွန်​အောင်​ဆောင်ရွက်ရန်၊ ​စေတီ​တော်ကြီး၏ ပရဝဏ်အတွင်း စိမ်းလန်းစို​ပြေ​​​အောင်​ဆောင်ရွက်ရန်၊ ဘုရားအဝင်လမ်း​ လမ်းဘေးဝဲယာတွင် အရိပ်ရအပင်များ၊ အလှပန်းပင်များစိုက်ပျိုးရန်၊ နဂါးလမ်း၊ ​လှေကားအတက်အဆင်းလမ်းများ ပြေပြစ်စေရေးဆောင်ရွက်ရန်၊ ဘုရားပွဲ​တော်ကာလတွင် လာရောက်ဖူး​မြှော်သူများ များပြားသဖြင့် ယာဥ်ရပ်နားကွင်းများ​ဆောင်ရွက်​ပေးရန်၊ အပြီးသတ်လုပ်ငန်းများ​ဆောင်ရွက်​နေပြီဖြစ်သဖြင့် အလှူရှင်များ ပါဝင်လှူဒါန်းနိုင်​ရေး​​ဆော်သြကြရန်၊ လုပ်ငန်း​ဆောင်ရွက်မှုများ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အင်အားပြည့်ဆောင်ရွက်ရန်၊ အနီးကပ်ကြီးကြပ် ​ဆောင်ရွက်သည့်အဖွဲ့မှ လုပ်ငန်းအားလုံးဘုရားပွဲတော်ကျင်းပရက်မတိုင်မီပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကြိုတင်ရှင်းလင်းဖယ်ရှားရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့်သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး​ စေတီ​တော်မြတ်ကြီးအား ပန်း၊ ရေချမ်းကပ်လှူပူ​ဇော်၍ ဖူးမြော်ကြည်ညိုခဲ့ပြီး လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ပါသည်။

14-Jan-2024