နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် (၈၆)နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အားတက်ရောက်

ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြမြို့၊ မြစိမ်း‌ရောင်တောင်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်ကိုးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေခဲ့သည်။ ထို့နောက် ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကဖတ်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် ဗမာတိုင်းရင်းသားများပြီးပါက ကရင်တိုင်းရင်းသားများ အများဆုံးနေထိုင်ပါကြောင်း၊ မြစိမ်းရောင်တောင်တော်ကြီး၌ ဘာသာ၊ သာသနာထွန်းကားမှု၊ နယ်မြေအေးချမ်းတည်ငြိမ်မှု၊ စိုက်ပျိုးမွေးမြူရေးဖြစ်ထွန်းအောင်မြင်မှု၊ ဒေသခံတိုင်းရင်းသားများ၏ ဖော်ရွေပျူမှုတို့အား အခြေခံ၍ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အားပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းေဒသကြီးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်စေရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်တိုးတက်စေရေးအားလုံး ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ” နှစ်သစ်နှုတ်ခွန်းဆက် စကားများပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဆက်လက်၍ နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။

ဆက်လက်၍ ငုအိုင်ဆရာတော် ဘဒ္ဒန္တ သေဋိလနှင့် ကက်သလစ်သာသနာဘုန်းတော်ကြီး ဖာသာရ်ဝီးလ်ဖရက် မန်းမြင့်စိုးတို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး ဆုတောင်းမေတ္တာများ ပို့သခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးကဖတ်ကြားခဲ့ကာ တိုင်းဒေသကြီးကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့အကြောင်း သိကောင်းစရာများနှင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ထို့နောက် ကရင်တိုင်းရင်းသားလူငယ်များက ကရင်နှစ်သစ်ကူးသီချင်း ဂုဏ်ပြုသီဆိုမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက်ဂုဏ်ပြုငွေချီးမြှင့်ခဲ့ေကြာင်း သိရသည်။

11-Jan-2024