(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကန်ကြီးထောင့်မြို့၊ ကိုယ့်အား ကိုယ်ကိုး မြို့မဈေးသစ်ဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကန်ကြီးထောင့်မြို့၊ ကိုယ့်အားကိုယ်ကိုး မြို့မဈေးသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက မြို့မဈေးသစ် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့နှင့် ဈေးကော်မတီဥက္ကဋ္ဌတို့က ကန်ကြီးထောင့်မြို့၊ မြို့မဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ကန်ကြီးထောင့်မြို့၊ မြို့မဈေးသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဖွင့်လှစ်ပြီးသော မြို့မဈေးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးသူဈေးသားများနှင့်တွေ့ဆုံ၍ ရောင်းဝယ်မှုအခြေအနေများ၊ သယ်ယူပို့ဆောင်မှုအခြေအနေများရင်းရင်းနှီးနှီးဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရသည်။
အဆိုပါဈေးတွင် အထည်တန်းဈေးရုံNo-A (၉'x၈') ၆၀ခန်း၊ ဟင်းရွက်တန်းဈေးရုံNo-B (၆'x၇') ၂၈ခန်း၊ ကုန်ခြောက်တန်းဈေးရုံNo-C (၆'x၇)၃၂ခန်း၊ မုန်းဈေးတန်းဈေးရုံNo-D (၅'x၇') ၁၆ခန်း၊ သားငါးတန်းဈေးရုံNo-E (၅'x၄') ၂၅ခန်း၊ အထွေထွေရောင်းကုန်တန်းဈေးရုံNo-F (၁၀'x၇.၅’)၁၆ခန်း၊ စုစုပေါင်း (၁၇၇)ခန်းပါဝင်ကြောင်းသိရသည်။