တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော ရုရှားဘာသာစကား (အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာစကား (အခြေခံ) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်တွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ ဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာစကား (အခြေခံ)သင်တန်းကိုယနေ့မှစတင်၍ ရက်သတ္တပတ် (၄)ပတ်ကြာဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေခရီးသွားလုပ်ငန်းများသို့ ပြည်တွင်း ပြည်ပခရီးသွားများဝင်ရောက်ခဲ့ကြရာ ရုရှားလူမျိုးခရီးသွားများအတွက် ဘာသာစကား အခက်အခဲများမရှိစေရန် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသာသင်တန်းသူများ အနေဖြင့်လည်း စနစ်တကျလေ့လာမှတ်သားသင်ယူပြီး လက်တွေ့အသုံးချနိုင်သည်အထိ ဘာသာစကားကျွမ်းကျင်မှုအရည်အသွေးများ ပိုမိုတိုတက်လာစေရေး ဆောင်ရွက်ကြစေလို ကြောင်း၊ တိုင်းဒေသကြီးသည် အေးချမ်းသာယာမှုရှိပြီး ရေ၊ မြေ၊ တောတောင်သဘာဝ အလှအပများ၊ ကမ်းခြေဒေသအလှအပများအပြင် ဒေသခံများ၊ ဟိုတယ်၊ တည်းခိုခန်း ဝန်ထမ်းများ၏ ယဉ်ကျေးပျုငှာမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ဘာသာစကားကျွမ်းကျင်မှု၊ ကျန်းမာရေး နှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆက်သည့် အစားအသောက်များစားသုံးနိုင်မှုများဖြင့် ခရီးသည် ဝင်ရောက်မှုများပိုမိုများပြားလာမည်ဖြစ်ပါကြောင်း အမှာစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍတွင် ရုရှားခရီးသွားဈေးကွက်ကို ပိုမိုကျယ်ပြန့်ထိရောက်စွာ ရရှိနိုင်ရန်နှင့် ရုရှားခရီးသွားများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေးရည်ရွယ်၍ ယခုလို သင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက် ရေး၊ အလုပ်အကိုင်သင်တန်းများပိုမိုရရှိစေရေး၊ ကျွမ်းကျင် ဝန်ထမ်းများမွေးထုတ်ပေးနိုင်ရေး၊ ဝန်ဆောင်မှုကောင်းမွန်ရေးနှင့် ဝန်ထမ်းများ၏ ဘာသာစကားစွမ်းရည်တိုတက်မြင့်မားလာ စေရေးအတွက် ဧည့်လမ်းညွှန်သင်တန်းများ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ၊ ဘာသာစကားသင်တန်းများ၊ အသိပညာပေးဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို စဉ်ဆက်မပြက် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ရုရှားဘာသာစကား (အခြေခံ) သင်တန်းကိုသင်ကြားတတ်မြောက်ခြင်းမှတစ်ဆင့် ရုရှားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့စရိုက် လက္ခဏာများကို သိရှိလေ့လာနိုင်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများကို ပိုမိုအကျိုးပြုပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများ သင်တန်းသားသင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ ကြကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော ရုရှားဘာသာစကား (အခြေခံ) သင်တန်းကိုယနေ့မှစတင်၍ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ငွေဆောင်ဒေသ ရှိ ဟိုတယ်များမှ သင်တန်းသားသင်တန်းသူ (၃၀) ဦးတက်ရောက်လျက် ရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးတို့သည် ငွေဆောင် ဟိုတယ်ဇုန်ရှိ ဌာဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ကမ်းခြေခရီးသွားလုပ်ငန်းများဖွံ့ဖြိုး ရေးအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်း များမြှင့်တင်ခြင်းအနေဖြင့် promotion များဆောင်ရွက်ပေးခြင်း၊ ပျော်ပွဲရွှင်ပွဲ အားကစားပွဲများ ပြုလုပ်ပေးခြင်း၊ တိုင်းဒေသကြီးရှိ MSME လုပ်ငန်းများမှ ဒေသထွက်ကုန်များ၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် လက်မှု ပစ္စည်းများ ပြသရောင်းချခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသည်များသည် မိမိတို့ တိုင်းဒေသကြီး၏ ဒေသထွက်ကုန်များအား တစ်နေရာတည်းတွင် ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ခရီးသည်ဝင်ရောက်မှုများသည် တစ်နှစ်ထက်တစ်နှစ်ပိုမိုဝင်ရောက်လျက်ရှိရာ ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် ကမ်းခြေအပန်းဖြေရုံသာမကဘဲ တိုင်းဒေသကြီးရှိ မြို့ကြီး များ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦများ၊ ငွေဆောင်ဆင်စခန်း၊ သစ်တောစိုက်ခင်းများတွင် သွားလာအပန်းဖြေနေနိုင်ရေးပြင်ဆင်ဆောင်ရွက်ခြင်းနှင့် စိတ်ဝင်စား ဖွယ်ရာဆွဲဆောင်မှုရှိသည့်နေရာများရှာဖွေ၍ ခရီးစဉ်အသစ်များဖော်ဆောင်ရန် လိုအပ်ပါ ကြောင်း၊ မြေယာရှုခင်းများဆောင်ရွက်စေရေး၊ ရေချိုသုံးစွဲမှုများ စနစ်တကျရှိစေရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်”အမှာစကား များပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ လိုအပ်သည်များဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား များပြောကြားခဲ့ကြောင်းသိရသည်။