ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါး(ရေကျနောက်စိုက်)စံကွက်ရိတ်သိမ်းနေမှုအား တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု ၌ မိုးစပါး(ရေကျနောက်စိုက်)စံကွက်ရိတ်သိမ်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သာေပါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစိုးသန်း၏ စိုက်ဧက၆ ဧကတွင် ပြုလုပ်သည့် ပခမ်းေရွှဝါ မျိုးစပါးစံကွက်ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရေကျနောက်စိုက်မိုးစပါးစိုက်ပျိုးမှု၊ သွင်းအားစုများ စနစ်တကျထည့်သွင်းဆောင်ရွက်မှု၊ အထွက်တိုးမျိုးစပါးများနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးမှု၊ အထွက်နှုန်းတိုးတက်စေရေးဆောင်ရွက်နေမှု များအား ဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများ ထပ်မံစိုက်ပျိုးစေရေး၊ ရိုးပြတ်ကျန်များမရှိစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တောင်သူဦးစိုးသန်း၏ လယ်မြေအားစံကွက်ရိတ်သိမ်းခဲ့ရာတွင် ပျမ်းမျှအထွက်နှုန်း တစ်ဧကလျှင် ၁၁၄ တင်းထွက်ရှိခဲ့ပြီးယခင်နှစ်ထက်ပိုမိုအထွက်တိုးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ကုန်းကျေးရွာရှိ ပိုက်ဆံလျှော်မျိုးစေ့ထုတ်(၁)ဧကစိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧကအားလုံး ပိုက်ဆံလျှော်များ မြေခံထည့်သွင်း စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းကြောင့် မြေဆီ မြေဩဇာများပြန်လည်ကောင်းမွန်လာသည်ကိုတွေ့ရှိနေရပြီဖြစ်ကြောင်း၊ သွင်းအားစု ထည့်သွင်းရမှုများကိုလည်းသက်သာစေမှာဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော်မျိုးစေ့ ထုတ်ရာတွင်စနစ်တကျဖြင့်အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် သီးထပ်စွမ်းအားများ တိုးတက်စိုက်ပျိုးစေရေး၊ ရိုးပြတ်ကျန်စိုက်ဧကများကျန်ရှိမှုမရှိစေရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ဝဲဘက်ခြမ်းမြောင်း တူးဖော်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများမှ မြောင်းတူးဖော်မှုအခြေအနေများ၊ စိုက်ဧကများအတွက်အကျိုးပြုနိုင်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအမြန်ဆုံးပြီးစီးရေး၊ မြေစာများစနစ်တကျ ဆယ်ဖို့ထားရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါမြောင်းအားတူးဖော်ပြီးစီး ပါက သဲကုန်၊ ကံကလေး၊ ရောင်ပစ်ကွင်း၊ ကျုံဖားရိုး၊ ပန်းတောရိုး၊ ဆိပ်ဖူးနီကျေးရွာ အုပ်စုများရှိ ရေကျနောက်စိုက်မိုးစပါးစိုက်ဧကများ၊ နွေစပါးစိုက်ဧကများ ဧက၃၀၀၀ခန့်အတွက် အောင်ရေနှင့်စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

07-Jan-2024