တိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ‌​ ဒုတိယအကြိမ်ဆွေး​နွေးပွဲတက်​ရောက်အား​ပေး၊ ပုသိမ်မြို့​ပေါ်ရှိ စာသင်​ကျောင်းများတွင် အ​ခြေခံစာတတ်​မြောက်​ရေးလုပ်ငန်း စာသင်ဝိုင်းများအား ကြည့်ရှုအား​ပေး

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ​ ဒုတိယအကြိမ် ဆွေး​နွေးပွဲကို ဇန်နဝါရီလ ၆ရက်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်တွင် ဘာသာရပ်အလိုက် ​ဆွေး​နွေးပွဲများပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း​ဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိ အ​ခြေခံပညာ​ကျောင်းများမှ ဆရာ၊ ဆရာမ (၄၀၀၀)​ကျော်အား ပုသိမ်တက္ကသိုလ်မှ ပါ​မောက္ခဌာနမှူးများ၊ ဆရာကြီး ဆရာမကြီးများမှ ​ဆွေး​နွေးပို့ချ​ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ညနေပိုင်းတွင် အဆိုပါ​ဆွေး​နွေးပွဲသို့ တက်​ရောက်လာကြသည့် ဆရာ၊ ဆရာမများအား သွား​ရောက်​တွေ့ဆုံ အား​ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်း​ဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များမှ ပါ​မောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများတွေ့ဆုံ၍ ယနေ့တွင်ဘာသာရပ်ဆိုင်ရာ သိ​ကောင်းစရာ ဟောပြောပွဲကျင်းပသည်မှာ ဒုတိယအကြိမ်ဖြစ်ပါ​ကြောင်း၊ ယခု​ဆွေး​နွေးပွဲမှ ရရှိသည့် ဘာသာရပ်အလိုက်သိ​ကောင်းစရာများကိုလည်း လက်ဆင့်ကမ်း ဆင့်ပွားပြန်လည်ပို့ချ​ပေးရမှာဖြစ်​ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ ဝိုင်းဝန်းပူး​ပေါင်း ဆောင်ရွက်​ပေးခဲ့ပါကြောင်း၊ ယခုနှစ်သည် Grade 12 သင်ရိုးသစ် စတင်သင်ကြား​ဖြေဆိုရမည်ဖြစ်သဖြင့် ဆရာ၊ ဆရာမများက ကြိုးစား၍ သင်ကြားပို့ချပေးလျက်ရှိသည်ကို​တွေ့ရှိရပါကြောင်း၊ ဘက်စုံပညာ​ရေးစနစ်အား အ​ကောင်အထည်​ဖော်နိုင်​ရန် ဆရာ၊ ဆရာမများ၏ စွမ်း​ဆောင်နိုင်မှုသည် အလွန်အ​ရေးပါ​သော အခန်းကဏ္ဍမှ ရပ်တည်​နေပါ​ကြောင်း၊ ယခင်နှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား မဖြေဆိုဖြစ်ခဲ့သူများ၊ ကျရှုံးသူများကိုလည်း ဝင်​ရောက်​ဖြေဆိုခွင့်ပြုထားရာ ​အောင်မြင်စွာ​ဖြေဆိုနိုင်​ရေးအတွက် သင်ကြား​ပေးရမှာဖြစ်ပါ​ကြောင်း၊ ​ယခုနှစ် Grade 12 သင်ရိုးသစ် စာ​မေးပွဲတွင် တိုင်း​​ဒေသကြီးအ​နေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေး ဆရာ၊ ဆရာမများအ​နေဖြင့် ဝိုင်းဝန်း ကြိုးပမ်း​ပေးကြ​စေလို​ကြောင်း " အမှာစကား​ပြောကြားခဲ့ပါသည်။

ထို့​နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအတွက် ​ချီးမြှင့်​ငွေများ ​ပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီးက လက်ခံခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ​ဆွေး​နွေးပွဲသို့တက်​ရောက်လာကြသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး​နှုတ်ဆက်ခဲ့ပါသည်။

ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းနှင့်အဖွဲ့သည် ပုသိမ်မြို့​ပေါ်ရှိ စာသင်​ကျောင်းများတွင် အ​ခြေခံစာတတ်​မြောက်​ရေးလုပ်ငန်း စာသင်ဝိုင်းများအား လိုက်လံကြည့်ရှုအား​ပေးခဲ့ရာ ပုသိမ်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ အမှတ် (၁၇၇)အ​ခြေခံပညာအလယ်တန်း​ကျောင်း(ခွဲ) ထန်းကုန်း​လေးတွင် လည်း​ကောင်း၊ ပန်းဆက်ရပ်ကွက်၊ အမှတ်(၂၅)အ​ခြေခံပညာမူလတန်းလွန်​ကျောင်းတွင်လည်း​ကောင်း နည်းပြ ဆရာ၊ ဆရာမများမှ အ​ခြေခံပညာစာတတ်​မြောက်​ရေးလုပ်ငန်းအဖြစ် စာသင်သားများအား သင်ကြား​ပေး​နေမှုများ၊ စာသင်သားများ၏ ​အရေးအဖတ် တိုးတက်လာမှုများအား ကြည့်ရှုအား​ပေးခဲ့ပြီး အာဟာရဖြည့် စား​သောက်ဖွယ်ရာများ ​ထောက်ပံ့​ပေးအပ်ခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်း၍ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို ပုသိမ်မြို့နယ်၊ ဟင်္သာတ မြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဘိုကလေးမြို့နယ်များတွင် ဆောင်ရွက်လျှက်ရှိ​ပါသည်။

07-Jan-2024