မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍တည်ထား ကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ​မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ​ရေချမ်းကပ်လှူပူ​ဇော်၍ ဖူးမြော်ကြည်ညိုခဲ့သည်။ ထို့နောက် စေတီ​တော်မြတ်ကြီး အ​နေကဇာ​ဆောင် ပြုပြင်မွမ်းမံပြင်ဆင်​နေမှုများ၊ ​စေတီ​တော်ကြီး၏ ​မြောက်ဘက်ရင်ပြင်၊ အ​ရှေ့ဘက်ရင်ပြင် ​နေပူခံ​ကျောက်ပြားခင်းကျင်းနေမှုများ၊ ​စေတီ​တော်မြတ်ကြီး ပန်းတင်ခုံမြန်မာမှုလုပ်ငန်းေဆာင်ရွက် နေမှုများ၊ မဟာရံတံတိုင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများ၊ မဟာရံတံတိုင်း စိန်​တောင် မြန်မာမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ဦးလှေကား ဆောင်ရွက်နေမှု အခြေအနေများ၊ ​စေတီ​တော်မြတ်ကြီးရင်ပြင် အောက်အနှုတ်(၁၂)level ပွတ်လုံးလက်ရမ်း​ဆောင်ရွက်​နေမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်း ဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့​နောက် ကုမ္ပဏီတာဝန်ရှိသူမှ မြတ်​မော်တင်ဆံ​တော်ရှင်​စေတီ​တော်မြတ်ကြီး၏ ရင်ပြင်​တော်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​ရေရှည်တည်တံ့ခိုင်မြဲ​စေ​ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအရည်အသွေးပြည့်မီ​​အောင်ရွက်ရန်၊ မြန်မာမှုလက်ရာ လက်သားများ ​သေသပ်​ကောင်းမွန်​အောင်​ဆောင်ရွက်ရန်၊ နဂါးလမ်း၊ ​လှေကားအတက်အဆင်းလမ်းများ ပြေပြစ်စေရေးဆောင်ရွက်ရန်၊ လုပ်ငန်း​ဆောင်ရွက်မှုများ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အင်အားပြည့်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့်သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

06-Jan-2024