တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်အတွင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြန်အောင်မြို့နယ်၊ ထန်းသုံးပင်အခြေခံပညာအထက်တန်းကျောင်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းအတွက် ဆိုလာမီးအား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးနှင့် ကျောင်းအကျိုးတော်ဆောင် တစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် ကျောင်းဆောင်ဆောက်လုပ်သည့် ကုမ္ပဏီက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ပညာရေးမှူးကလက်ခံရယူခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်း ပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျောင်းဆောင်သစ်သည် အလျား၁၄၀ပေနှင့် အနံ၃၀ပေရှိ RCနှစ်ထပ်ကျောင်းဆောင် ဖြစ်ပြီး ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ငွေလုံးငွေလုံးရန်ပုံငွေ(၃၃၄.၃၂)သန်းဖြင့် ဆောင်ရွက်ခဲ့ဖြစ်ကြောင်းသိရသည်။