တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက(၁၀၀) ဖော်ထုတ်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၁၂)ဉီး၏ လယ်​မြေဧက(၁၀၀)၌ စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ရေးအဖွဲ့(အောက်မြန်မာပြည်)သန်လျင်မြို့မှ စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက(၁၀၀)ဖော်ထုတ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက(၁၀၀) ဖော်ထုတ်ရေးလုပ်ငန်းရှင်းလင်းဆောင်၌ တိုင်းဒေသကြီးဝန်ကြီးချုပ်အား စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှုနှင့် လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့က စက်မှုလယ်ယာစနစ်ကျလယ်မြေ ဧက(၁၀၀)မဖော်ထုတ်မီ တောင်သူပိုင်ဆိုင်မှုများနှင့် ဖော်ထုတ်ပြီး တောင်သူတစ်ဦးချင်းပြန်လည်ခွဲဝေရရှိမည့် အခြေအနေများ၊ ဟက်တာကွက်များအဖြစ်​ဖော်ထုတ်​ဆောင်ရွက်​နေမှုများ၊ ကုန်ထုတ်လမ်း၊ စက်ဆင်းလမ်းနှင့် ရေသွင်း​ရေနုတ်​​မြောင်းများ​​ဆောင်ရွက်​နေမှုများကိုရှင်းလင်းတင်ပြအမှူအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က "စနစ်ကျလယ်မြေ​ဖော်ထုတ်ပြီးစီးပါက တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် ​တောင်သူများအတွက် အကျိုး​ကျေးဇူးများစွာရရှိမည်ဖြစ်ပါ​ကြောင်း၊ စံနမူနာပြဖြစ်သဖြင့်​အောင်​မြင်​အောင် ​ဆောင်ရွက်သွားရန်" တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်အောင်သန်း၏ လယ်မြေတွင်ပြုလုပ်သည့် နယူးဧရာ(၁)အထူးအထွက်တိုး စပ်မျိုးစပါး နွေစပါးကွင်းပိတ်စိုက်ပျိုးပွဲတွင် ​ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးနေမှုများအားကြည့်ရှုအား​ပေးခဲ့သည်။ ထို့​နောက် တောင်သူဦးတင်​အောင်သန်းက ဂျပန်ဘိုကာရှီနည်းပညာဖြင့်ပြုလုပ်ထား​သော စပါးခွံ​မြေ​ဆွေး သဘာဝ​မြေသြဇာ ထုတ်လုပ်သုံးစွဲမှုအ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့ပြီး သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျ ထည့်သွင်းကြဲပက်နေမှုများ၊ ဆိုလာ​ရေတင်စနစ်ဖြင့် ​ရေတင်ခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများနှင့် ​ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန်အတွက် နယူးဧရာ ၁ စပါးမျိုးများအား ပျိုးဗန်းဖြင့် ပျိုး​ထောင်ထားရှိမှုများအား ကြည့်ရှုအား​ပေးခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်နှင့်​တစ်ဧကအတွက်နှုန်းများ တိုးတက်​​ထွက်ရှိအောင် ကြိုးပမ်း​ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်း​ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ စခန်းကြီးကျေးရွာရှိ တောင်သူဦးတင်အောင်ဆန်း၏ super sun 41 မျိုး ဆီထွက်သီးနှံနေကြာ (၂)ဧက စံပြစိုက်ခင်းနှင့် ဝဲဒေါင့်ကျေးရွာအုပ်စုရှိ တောင်သူဦးမြင့်ဇော်၏ super sun 41 မျိုး ဆီထွက်သီးနှံနေကြာ (၅)ဧကတွင် ဆိုလာစနစ်ဖြင့်ရေတင်စိုက်ပျိုးနေမှုအားလည်း ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ မယ်တလိုင်းကျေးရွာ၊ သန့်ရှင်း၍ စိမ်းလန်းစို​ပြည်သော​ကျောင်း (clean and green school) ပြိုင်ပွဲဝင် အခြေခံပညာမူလတန်း​ကျောင်းသို့ သွားရောက်၍ ဆရာဆရာမများ၊ ​ကျောင်းသား ​ကျောင်းသူ​လေးများအား ရင်းရင်းနှီးနှီး ​​တွေ့ဆုံနှုတ်ဆက်ပြီး ​ကျောင်းအတွင်းစိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများ၊ ရာသီပင် သီးပင်စားပင် ပန်းမန်များ၊ ကျောင်းသား​ကျောင်းသူက​လေးများ၏ တီထွင်ဖန်ထီးထားမှုများ၊ ​ကျောင်းသန့်ရှင်း​ရေး​ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာသင်​ကျောင်းအတွက် လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ​ပေါင်းစပ်ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ကာ ထောက်ပံ့​ငွေများ ပေးအပ်ခဲ့သည်။

26-Dec-2023