တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီအနေဖြင့် လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်မှု၊ တွေ့ကြုံရသည့်အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များအား သုံးသပ်အကြံပြု ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် များကို ပီပီပြင်ပြင်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ကလေး အလုပ်သမားပပျောက်ရေးအတွက် မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်သည်ကို တင်ပြကြရန်ဖြစ်ကြောင်း၊ ကလေးများအား အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီး ကာကွယ်ရမည်ဖြစ်ပြီး အသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေး အလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရမှာဖြစ်ကြောင်း၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင် များတွင် လုပ်ကိုင်နေသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး ပညာရေးနှင့် သက်မွေး ဝမ်းကျောင်းပညာအခွင့်အလမ်းများ ဖန်တီးပေးကာ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် စီမံဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားများအား ကာကွယ်နိုင်ရေးအတွက် နည်းလမ်းများ အကြံပြု တင်ပြနိုင်ရန် ကော်မတီများအလိုက် ဆွေးနွေးပေးကြစေ လိုကြောင်း” အမှာစကားပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ကော်မတီအတွင်းရေးမှူးက ကလေး အလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတပြန့်ပွားရေးအတွက် အသိပညာနှင့်ဗဟုသုတတိုးမြှင့် ပေးခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဥပဒေများပြင်ဆင်ရေးဆွဲခြင်း၊ ကလေးအလုပ် သမားပြဿနာအပေါ် ဖြေရှင်းနိုင်ရန် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ တာဝန်ဝတ္တရားများသတ်မှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းချမှတ်၍ တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးကိစ္စရပ်များနှင့် တိုင်းဒေသကြီးကလေးအလုပ် သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ(၈)ရပ်၏ လုပ်ငန်းဆောင်ရွက်မှု၊ တွေ့ကြုံရသည့် အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက်အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

20-Dec-2023