နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းကျေးရွာ နွေစပါးစိုက်ဧကများစုပေါင်းမြေဩဇာကြဲပတ်ပွဲတက်ရောက်အားပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းကျေးရွာတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ဧကများဓါတ်မြေဩဇာစု ပေါင်းကြဲပတ်ပွဲတက်ရောက်အားပေးခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကျေးရွာအုပ်ချပ်ရေးအဖွဲ့များ၊ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းပြီးမှု၊ နွေစပါးစိုက်ပျိုးမှုအခြေအနေများမေးမြန်းခဲ့ပြီး ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုနှင့် တောင်သူ ဦးစိုးမင်းအောင်၏ လယ်မြေ ၇.၃၆ဧကနှင့် တောင်သူဦးသန်းအောင်၏လယ်မြေ ၃.၀၂ဧက တို့တွင် GW-11မျိုးစပါးများအား သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာအချိုးကျပေါင်းစပ်၍ စုပေါင်းကြဲပတ်နေမှုများကိုကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍
စိုက်ပျိုး မြေများတွင် မိုးစပါးများစိုက်ပျိုးပြီးပါက စိုက်ဧကများအားလုံး နွေစပါးအပါအဝင် သီးနှံများစိုက်ဧက အပြည့်အဝစိုက်ပျိုးစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စိုက်ပျိုးနိုင်စေရေး၊ သဘာဝမြေဩဇာများပိုမိုထုတ်လုပ်သုံးစွဲစေရေး၊ အထွက်တိုးမျိုးကောင်းမျိုးသန့်စပါးများအသုံးပြုစေရေးနှင့်ခေတ်မီစိုက်နည်းစနစ်များအသုံးပြုစေရေး၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးစေရေးမှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၂- ၂၀၂၃၊ ၂၀၂၃-၂၀၂၄ နှစ်ဆက် ပြည်ထောင်စုဘဏ္ဍာရံပုံငွေဖြင့်ဆောင်ရွက်သည့် (၁၃၀ပေ×၃၀ပေ) RCC နှစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် တည်ဆောက်ရေးလုပ်ငန်းများအရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင်စနစ်တကျရှိစေရန်တာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်စေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပြီး ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ ပြည်သူများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်သည် တံခွန်တိုင်ကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ(Knowledge Center) တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် ( Biometric) ကောက်ယူခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းရေးသွင်းရာတွင် အချက်အလက်များမှားယွင်းမှုမရှိစေရေး၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များအားပြည်သူများထံအမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ပြည်သူများထံသို့ ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ဝေမာမြန်မာဆန်စက်လုပ်ငန်း( Wilmar Myanmar Riceland Kyailat Limited )သို့သွားရောက်ခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများ၊ နည်းပညာမြင့်ဆန်ကြိတ်ခွဲစက်ရုံ လုပ်ငန်းလည်ပတ်မှုအဆင့်ဆင့်နှင့်ပေါင်းဆန်ကြိတ်ခွဲတင်ပို့မှုအခြေအနေများ၊ စပါးဝယ်ယူမှုအခြေအနေများ၊ စပါးခွံ လောင်စာသုံးဘွိုင်လာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်၍ ဆန်စက်လည်ပတ်နေမှုအခြေအနေများရှင်းလင်းတင်ပြ မှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဒေသအတွင်းမှထွက်ရှိသည့် စပါးများအားပိုမိုဝယ်ယူကြိတ်ခွဲနိုင်စေရေး၊ Contrat Farming စနစ်ဖြင့်တောင်သူများဖြင့်အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်စေရေးနှင့် စွန့်ပစ်ပစ္စည်းများအား တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်အကျိုးရှိ စွာ ပြန်လည်အသုံးပြုနိုင်စေရေးမှာကြားခဲ့ပြီး ပေါင်းဆန်ကြိတ်ခွဲထုတ်လုပ်နေမှု၊ စပါးအခြောက်ခံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ သယ်ယူပို့ဆောင်ရေးဆိပ်ကမ်းများတွင် ဝန်ချီစက်များထားရှိဆောင်ရွက်ထားရှိမှုနှင့် စပါးခွံလောင်စာသုံးဘွိုင်လာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်လည်ပတ်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။