နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် ပီလောပီနံစံပြစိုက်ခင်းနှင့် ရာဘာကုန်ကြမ်းထုတ်လုပ်မှုအဆင့်ဆင့်တို့အား ကြည့်ရှုအားပေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စုရှိ တောင်သူဦးကျော်သူရ၏ စိုက်ဧက(၈)ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သော ပီလောပီနံ(RayRong-9)အမျိုးအစား၊ ဘောင်စနစ်ဖြင့်စိုက်ပျိုးသော ပီလောပီနံစံပြစိုက်ခင်းအား သွားရောက် ကြည့်ရှုအားပေးခဲ့ရာဒေသစိုက်မျိုး (ကိုင်းရှုတ်)မျိုးနှင့် (RayRong-9)အထွက်ကောင်းမျိုးအား ဘောင်စနစ်ဖြင့်ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှု၊ သက်တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့် (RayRong-72)မျိုးများစမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ၆လ သက်တမ်းရှိ(RayRong-72)၊ (RayRong-9) မျိုးစမ်းသပ်တူးဖော်၍ အထွက်တိုးကောင်းမွန်မှုအခြေအနေများ၊
ကျုံပျော်မြို့နယ်အတွင်း ပီလောပီနံစိုက်ပျိုးထားရှိမှုနှင့် ပီလောပီနံမှထွက်ရှိသည့် ကုန်ကြမ်း၊ ကုန်ချောများအား ပြည်တွင်းပြည်ပ တင်ပို့နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများမှရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ပီလောပီနံအထွက်ကောင်းမျိုးများ၊ စိုက်ပျိုးေရးနည်းစနစ်များအား တောင်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုနိုင်စေရေးနှင့် မျိုးပွားဖြန့်ဝေဆောင်ရွက်ရန်၊ သီးထပ်စွမ်းအားများ တိုးတက်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတိုအထွက် ကောင်းမျိုးများ တိုးတက်ထုတ်လုပ်စိုက်ပျိုးရန်နှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။
အဆိုပါ တောင်သူဦးကျော်သူရ၏ စိုက်ဧက(၈)ဧကရှိ ၆လ သက်တမ်းရှိ ပီလောပီနံ (RayRong-72)၊ (RayRong-9) မျိုးစမ်းသပ်တူးဖော်ရာတွင် ( RayRong-72) မျိုးတစ်ပင်လျှင် ပိသာချိန်၅ပိသာကျော်ထွက်ရှိပြီး (RayRong-9)မျိုးတစ်ပင်လျှင် ပိသာချိန်၆ပိသာကျော်ထွက်ရှိခဲ့ကာ တစ်ဧကပျမ်းမျှအထွက်နှုန်း ပိသာချိန်တစ်သောင်းကျော်ထွက်ရှိကြောင်းသိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးအောင်မြင့်၏ တိုးတက်ကုမ္ပဏီရာဘာခြံသို့သွားရောက်၍ ရာဘာစိုက်ခြင်း၊ အစေးခြစ်ခြင်းနှင့် ရာဘာကုန်ကြမ်း ထုတ်လုပ်မှု အဆင့်ဆင့်တို့အားမေးမြန်းခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက ရာဘာစိုက်ပျိုးထားရှိမှု၊ ရာဘာပြားများထုတ်လုပ်မှုနှင့် ရောင်းချနေမှု အခြေအနေများရှင်လင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စိုက်ဧကများအပြည့်အဝ စိုက်ပျိုးစေနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင် အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေးများပြည့်မီစေရေး၊ ကုန်ကြမ်းများမှကုန်ချော ထုတ်လုပ်နိုင်သည်အထိနည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရာဘာစိုက်ပျိုးထားရှိမှု၊ အစေးခြစ် နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ရာဘာေစးများအားခဲကန်အတွင်းထည့်သွင်းခြင်း၊ခဲကန်အတွင်းရှိ အပြားများအားကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှမ်းခြင်း၊ မှိုင်းခံခြင်းနှင့် မှိုင်းခံပြီးရာဘာပြားများအားထုတ်ပိုးခြင်းစသည့်ကုန်ကြမ်းထုတ်လုပ်မှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။ တိုးတက်ကုမ္ပဏီအနေဖြင့် ရာဘာစိုက်ဧက(၅၆၂)ဧက ကျော် စိုက်ပျိုးထားရာ (BPM 24) ရာဘာမျိုးအား အဓိကထားစိုက်ပျိုးထားရှိပြီး (RSS -1) အဆင့်ရာဘာပြားများအားဆိုလာစနစ်အသုံးပြု၍ တစ်နေ့လျှင် ၁တန်ခန့် ထုတ်လုပ်လျက်ရှိပြီးရန်ကုန်ဈေးကွက် သို့ပို့ဆောင်လျက် ရှိကြောင်းသိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့်ဆောင်ရွက်သည့် ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်ရှိ “အောင်မိသားစု” သင်၊ ကြိမ်၊ ဝါး၊ ဗေဒါရိုးလက်မှုပစ္စည်း အရောင်းဆိုင်သို့သွားရောက်၍ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရက်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး ကုန်ထုတ်လုပ်မှု၊ ရောင်းချရမှုအခြေအနေများမေးမြန်းခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က “မိမိတို့တိုင်းဒေသကြီးမှ ထွက်ရှိသည့် MSMEsထုတ်ကုန်ပစ္စည်းများအား အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များကပါ သိရှိရန်နှင့် ပြည်တွင်းပြည်ပ ဈေးကွက်များအထိထိုးဖောက်နိုင်ရေး ဖော်ဆောင်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးမှ ထုတ်ကုန်ပစ္စည်းများသည် မိမိတို့တိုင်းမှထွက်ရှိသည့်ကုန်ကြမ်းများကို အခြေခံထုတ်လုပ်ရန်နှင့်ကုန်ကြမ်းများရရှိစေရေးဆောင်ရွက်ပေးရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေထောက်ပံ့ဆောင်ရွက်ပေးထားသဖြင့် လုပ်ငန်းများပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်နှင့်လုပ်ငန်းတိုးတက်မှုအခြေအနေများအား စနစ်တကျမှတ်တမ်းထားဆောင်ရွက်ရန်” မှာကြားခဲ့သည်။